၁၀။ သရဝဏ် (ပြည်) - အာရပ်တို့ အာဖဂန်ကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စလာမ်ဝါဒ ကို
သယ်ဆောင်လာဖို့ စစ်ရေးဖြင့် ကျူးကျော်ဝင်ရောက်လာသောအခါ အာဖဂန်ဒေသခံ
တောင်ပေါ်သားတို့သည်၎င်းတို့၏ ပိုက်နက်နယ်မြေကို လက်နက်စွဲကိုင်ကာ ခုခံကာကွယ်
ခဲ့ကြပေသည်။
ရဲရင့်သစ္စာ - အာရပ်တွေ ဟာ အာဖဂန် ကို တိုက်ခိုက်ခဲ့ တာ အစ္စလာမ်ဝါဒ ကို စစ်ရေးနဲ့ဖြန့် ချီဖို့ဖြစ်ကြောင်း သရဝဏ် (ပြည်) က ရေးသားပြီး အစ္စလာမ်ဘာသာကို ထိုးနှက်ထားပါတယ်။ အာရပ်တွေက အာဖဂန် ကို ဝင်မတိုက်ခင်နှစ်ပေါင်းများစွာ ကတည်း က အဲဒီ ဒေသ ကို ပါရှန်းတွေ
ထံ က မစီဒိုနီယားဘုရင် မဟာအလက်ဇန္ဒား က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး၊ နောက်ပိုင်းမှာ ဂရိတွေ
အုပ်စိုး၊ တာ့ခ်တွေ ဝင်တိုက်၊ ကူရှန် တွေ ဝင်တိုက် မင်းဆက်တွေ တည်ထောင်ခဲ့ပြီး အေဒီ ၅ ရာစု
နဲ့ ၆ရာစုတွေ မှာ Hephthalite (ခေါ်) ဟန်ဖြူ (White Huns) လူမျိုးတွေ ဝင်တိုက်ခိုက်သိမ်းပိုက် ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဒေသ ကို တိုက်ခိုက်သိမ်းပိုက်ပြီးကူရှန်မင်းဆက်ကို တည်ထောင်ခဲ့သူ ကူရှန်
တွေ ဟာ မဟာယန ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ (ကိုးကား-Encyclopaedia Britannica, entries : Balkh, Hun, Kushan Dynasty ၊ A Brief History of Afghanistan Shaista Wahab and Barry Youngerman, University of Nebraska at Omaha, 2010)
အာဖဂန် နစ္စတန် မှာ အမြစ်တွယ်ခဲ့တဲ့ ဗုဒ္ဓဘာသာ ဟာ ထေရဝါဒ ဗုဒ္ဓ ဘာသာလုံးဝ မဟုတ်ပါဘူး။ ထေရဝါဒီ တွေ က အဓမ္မဝါဒလို့သမုတ်ထားတဲ့ မဟာသံဃိက ဂိုဏ်းသာ
အာဖဂန် နစ္စတန် မှာ အမြစ်တွယ် ခဲ့တာ ဖြစ်ကြောင်းဒေါက်တာ Dr. Alexander Berzin
က သူ့ရဲ့ Historical Sketch of Buddhism and Islam in Afghanistan မှာ ရေးသားထားပါတယ်။ တာလီဘန် တွေ က ၂၀၀၁ မှာ ဖျက်စီးခဲ့တဲ့ ဗာမီယန် ရုပ်ပွါးတော် ဟာ မဟာသံဃိက ဂိုဏ်း ကနေ
ထပ်ပြီး ခွဲထွက်ခဲ့တဲ့ လောကုတ္တရ ဝါဒီ တွေ က ထုလုပ်ကိုးကွယ်ခဲ့တာဖြစ် ကြောင်းလည်းအထက်ပါ သုတေသနစာတမ်း မှာရေးသားထားပါသေးတယ်။ အေဒီ ၅၁၅ မှာ ဟန်ဖြူ (White Huns) လူမျိုး
ဘုရင် Mihirakula က ဗုဒ္ဓဘာသာ ကို ဖိနှိပ်ခဲ့ပြီးဘုန်းကြီးကျောင်းတွေ ကို ဖျက်ဆီး၊ ဘုန်းကြီး အမြောက်အများကို သတ်ဖြတ်ခဲ့ကြောင်းလည်းရေးသားထားပါတယ်။ ဒါတွေ ဟာ အာရပ်တွေ အာဖဂန်ဒေသထဲဝင်မလာခင် အခြေအနေတွေပါ။
မဟာယာန ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ Alexander Berzin ရဲ့ အထက်ပါသုတေသန
စာတမ်း http://www.berzinarchives.com/web/en/archives/study/history_buddhism/buddhism_central_asia/history_afghanistan_buddhism.htm lကို သေချာလေ့လာကြည့်
လိုက်ရင် အာရပ် တွေ ဟာ အာဖဂန် နစ္စတန် ကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စလာမ်ဝါဒကို သယ်ဆောင်
လာဖို့ စစ်ရေးနဲ့ ကျူးကျော်ဝင်ရောက်လာတာ လုံးဝ မဟုတ်ကြောင်း အလွန်ထင်ရှားလာပါလိမ့်မယ်။ အာရပ်မွတ်စ်လင်မ် တွေ ဟာအာဖဂန်နစ္စတန် မှာ ဗုဒ္ဓဘာသာ ကို တိုက်ခိုက်ခဲ့တာမဟုတ်ကြောင်း အထောက်အထားတွေ အနေနဲ့ သမိုင်းကျမ်းတွေ ကို ကိုးကားပြနိုင် ပါသေးတယ်။ ဒါပေမယ့် အခု မပြသေးပဲ သိမ်းထားချင်ပါတယ်။ နောက်နောင်လိုအပ်လာတဲ့ အခါ အသုံးပြုဖို့ပါ။ အစ္စလာမ် ဘာသာ
ကို စစ်ရေးနဲ့ဖြန့်ခဲ့တယ်ဆိုတဲ့အရေးအသား က မွတ်စ်လင်မ် တစ်ဦး အတွက်တင် မက အစ္စလာမ်
ဘာသာ ကျမ်းစာတွေ ကို အစွဲကင်းကင်း ဖြူဖြူစင်စင်နဲ့ လေ့လာ ဖူးသူပညာရှင်တိုင်းအတွက် ဟာသ သဖွယ်သာဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင်
ကုရ်အာန်ကျမ်း ၂း၂၅၆ မှာ -
"ဖြောင့်မတ်မှန်ကန်သော (အစ္စလာမ်သာသနာတော်၏) တရားလမ်းစဉ် သည်
မမှန်ကန်သော လမ်းစဉ်နှင့်(သိသိသာသာ) ရှင်းလင်းထင်ရှားစွာ ကွဲပြားခြားနား လျက်ရှိနေပြီဖြစ်ပေရာ (မည်သူတစ်ဦး တစ်ယောက်ကိုမျှ အစ္စလာမ်)သာသနာတော်
တွင်း၌ (ဝင်ရောက်ရန်အတွက်) အတင်းအဓမ္မ အနိုင်အထက် အလျင်းမပြုရ။"
၁၁။ သရဝဏ် (ပြည်) - အာရပ်များသည် ဒေသခံများကို အစ္စလာမ် ကိုးကွယ်သူများ ဖြစ်စေရန် အတင်းအကျပ် ဘာသာပြောင်းစေရန် ကြံဆောင်မှုမှာ ကနဦးတွင် အာဖဂန်တောင်ပေါ်သားများ
၏ အဆက်မပြတ် အပြင်းအထန် ခုခံတော် လှန်မှုကြောင့် မအောင်မြင်ခဲ့ပေ။
ရဲရင့်သစ္စာ - အထက်ပါ စာသားတွေ ကတော့ Wiki: Islamic conquest of Afghanistan entry ထဲက စာတစ်ကြောင်း ကို သရဝဏ်(ပြည်) က မိမိစိတ်တွေးထင်ရာ စကားလုံးတွေတမင်တကာ ထည့်သွင်းပြီးဘာသာပြန်ထားခြင်းပါဘဲ။ Wiki မှာရေးထားတဲ့ မူရင်းစာသားတွေ က အောက်မှာပါ။
"The Arabs were unable to succeed in converting the population of that area because of constant revolts from the mountain tribes."
အထက်ပါစာပိုဒ် မှာ "အစ္စလာမ် ကိုးကွယ်သူများ ဖြစ်စေရန် အတင်းအကျပ်" ဆိုတဲ့ စကားလုံးတွေ
လုံးဝ မပါရှိပါ။ သရဝဏ် (ပြည်) ရဲ့ တမင်တကာလိမ်လည်လုပ်ကြံရေးသားထားမှု ဖြစ်ကြောင်း
ပရိသတ်တို့လေ့လာကြပါ။
၁၂။ သရဝဏ် (ပြည်) - အေဒီ ၈၇၀ တွင်မူ ယနေ့ခေတ် အာဖဂန်နစ္စတန်ဟုခေါ်တွင်နေသော နေရာတော်တော်များများ ကို ရာကွတ်ဘင်လာသီဆာဖာ ဆိုသူက တိုက်ခိုက်အောင်မြင်ခဲ့ပြီး၊ အစ္စလာမ်ဝါဒကို စစ်ရေးဖြင့် တိုးချဲ့နိုင်ခဲ့သည်။
ရဲရင့်သစ္စာ - အဲဒီ စာပိုဒ်မှာပါတဲ့ Yaʿqūb ibn Layth al-Ṣaffār ဆိုသူဟာ Saffarid မင်းဆက်ကိုတည်ထောင်ခဲ့သူပါ။ အဲဒီလူ ဟာ အာရပ်လုံးဝ မဟုတ်ပါဘူး။ ပါရှန်းလူမျိုးသာဖြစ်ပါတယ်။
အဲဒီ လူ ဟာ ဓားပြ တစ်ဦးဖြစ်ပြီး ကိုယ်ပိုင်စစ် တပ် ထူထောင်နိုင်ခဲ့သူ ဖြစ်ကြောင်း၊ အေဒီ ၈၇၈ မှာ
သူဟာ ဘဂ္ဂဒတ် မြို့မှာ နန်းစိုက်တဲ့ မွတ်စ်လင်မ် Caliph ကို စစ်တိုက်ဖို့တောင် စစ်ချီခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း Encyclopaedia Britannica, Yaʿqūb ibn Layth al-Ṣaffār entry မှာ ဖော်ပြထားပါတယ်။ သရဝဏ် (ပြည်) က Wiki: Islamic conquest of Afghanistan entry
ထဲက idea ကို ယူပြီး မိမိဘာသာလုပ်ကြံထားတဲ့ စကားလုံးတွေထည့်သွင်းရေးထားတာဖြစ်ပါတယ်။
မူရင်း Wiki ထဲ က စာသားတွေ ကို ကြည့်နိုင်ပါတယ်။
"The fanatic founder of this dynasty, the coppersmith’s apprentice Yaqub ibn
Layth Saffari, came forth from his capital at Zaranj in 870 and marched through
Bost, Kandahar, Ghazni, Kabul, Bamyan, Balkh and Herat, conquering in the
name of Islam"
အဲဒီစာပိုဒ်မှာ ယာကွတ် ကို "The fanatic" လို့သုံးနှုန်းထားပြီး၊ သူ ဟာ အစ္စလာမ် အမည်ကို
အသုံးပြုပြီး ဘို့စ်၊ ကန်ဒဟရ်၊ ကဘူးလ်၊ ဗာမ်ယန်၊ ဗလ်ခ်၊ ဟီရတ် နယ်တွေကို သိမ်းပိုက်ခဲ့
တာဖြစ်ကြောင်း ရေးထားတာပါ။ အဲဒီ စာပိုဒ်မှာ "အစ္စလာမ်ဝါဒကို စစ်ရေးဖြင့် တိုးချဲ့နိုင်ခဲ့သည်"
ဆိုလိုတဲ့ အရေးအသားလုံးဝ မပါရှိပါ။
အာဖဂန် ကို အုပ်ချုပ်ခဲ့တဲ့ မွတ်စ်လင်မ် ဘုရင် အချို့ဟာ အခြားဘာသာဝင်တွေ ကို နှိပ်ကွပ်
တာတွေ ၊ အာဏာစက် နဲ့ ဘာသာပြောင်းအောင် လုပ်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် အစ္စလာမ်
ဘာသာ က အဲဒီလို လုပ်ဖို့ သင်ကြားထားလို့ လုပ်တာမျိုး လုံးဝမဟုတ်ပါ။
၁၃။ သရဝဏ် (ပြည်) - အေဒီ ၉၉၈ နှင့် ၁၀၃၀ ကြားတွင် အုပ်ချုပ်ခဲ့သော တူရကီမင်းဆက်
စူလတန် မိုဟာမက်သည် အိန္ဒိယနိုင်ငံကို ၁၇ ကြိမ်ခန့် ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး အိန္ဒိယနှင့် အာဖဂန်နစ္စတန် တွင် လူအစုလိုက်အပြုံလိုက် အစ္စလာမ်ဘာသာသို့ အတင်းအဓမ္မ ပြောင်းလဲ
ဝင်ရောက်စေခဲ့သည်။
ရဲရင့်သစ္စာ - အေဒီ ၉၉၈ နှင့် ၁၀၃၀ ကြားတွင် အုပ်ချုပ်ခဲ့သော တူရကီမင်း ဟာ စူလ်တန်
မဟ်မူဒ်ဂဇ်နီပါ။ စူလ်တန် မိုဟာမက် မဟုတ်ပါ။ စူလ်တန်မဟ်မူဒ်ဂဇ်နီ (အေဒီ ၉၇၁-၁၀၃၀)
ဟာ မူလက အာဖဂန်အိန္ဒိယ နယ်စပ်မှာရှိတဲ့ ရှိအိုက် တွေကို စစ်ပြုခဲ့ရုံမက၊အိန္ဒိယမှာရှိတဲ့
ဟိန္ဒူ ဘုရင်တွေကို လည်း ကျူးကျော်တိုက်ခိုက်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့မူလ စစ်ဆင်ရေးဟာ အိစ်မာအိလီရှိအိုက် တွေကိုဦး တည်ခဲ့ပြီး နောက်ပိုင်းမှာတော့ အိန္ဒိယက ဟိန္ဒူရှာဟီဘုရင်တွေ
နဲ့ နယ်ပယ်တွေကို တိုက်ခိုက်ခဲ့ပါ တယ်။ သူဟာ ဟိန္ဒူဘုရားကျောင်းတွေကိုလည်းတိုက်ခိုက်
လုယက်ဖျက်စီးခဲ့ပါသေးတယ်။ ဗုဒ္ဓဘာသာ ကျောင်းတိုက်တစ်ချို့ကို ဖျက်စီးခဲ့တာလည်းဟုတ်ပါတယ်။ သို့သော်စူလ်တန်မဟ်မူဒ် တိုက်ခိုက်ခဲ့တဲ့ ဥဒ္ဒိယန (ဩရစ္စ) ဟာ တန္တရဝါဒဖြန့်ချီရာ ဗဟိုဌာန
ဖြစ်ခဲ့ပေမဲ့ စည်ပင်ထွန်းကားတဲ့ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ မရှိခဲ့ကြောင်း Harvard
University က ဒေါက်တာဘွဲ့ရထားတဲ့မဟာယနဗုဒ္ဓဘာသာပညာရှင် ဒေါက်တာ အလက်ဇန္ဒား
ဘာဇင်န် က သူ့ရဲ့ The Historical Interaction between the Buddhist and Islamic Cultures
before the Mongol Empire, (၂၀၀၆)၊ The Ghaznavid Campaign in Gandhara and Northwestern India ခေါင်းစဉ်အောက်မှာ ရေးသားထားပါတယ်။ အဲဒီဘုရင်ဟာ ရှိအိုက် နဲ့
ဘူယစ်ဒ်တွေ (Buyid) အပေါ် အဓိကထား တိုက်ခိုက်ခဲ့ပြီး၊ အစပိုင်းမှာဟိန္ဒူတွေကိုလည်းတိုက်ခိုက်
ခဲ့ပေမဲ့၊ ဗုဒ္ဓဘာသာအပေါ်မှာ ရည်ရွယ်ချက်နဲ့ ကျူးလွန်ခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင်သူ့ ခေတ်မှာ လူအချို့ကဂေါတမဗုဒ္ဓကို တမန်တော် တစ်ပါးအဖြစ် မှတ်ယူခဲ့ကြကြောင်း၊ ပါရှန်း သမိုင်းပညာ
ရှင်ကြီး အလ်ဗိရူနီ ကဗုဒ္ဓဘာသာဘက်ကို အကောင်းမြင်ရေးသားမှတ်တမ်းတင်ခဲ့ကြောင်း ဗုဒ္ဓဘာသာပညာရှင် ဒေါက်တာအလက်ဇန္ဒားဘာဇင်န် ရဲ့ အထက်ဖော်ပြပါ မှတ်တမ်း မှာရေး
သားထားပါသေးတယ်။ ဒါဟာ သမိုင်းအမှန်ပါ။ ရိုးသားဖြူစင်တဲ့ လူသားမှန်ရင် သမိုင်း အမှန်ကို
လက်ခံရဲ ရုံမက၊ ကျန်လူသားတွေရှေ့လည်း မှန်မှန်ကန်ကန် ချပြတတ် ရပါတယ်။
အဲဒီအချိန်က အာဖဂန်ဘုရင်စူလ်တန်မဟ်မူဒ် ရဲ့မင်းဆက်တွေဟာ ဗုဒ္ဓဘာသာ အပေါ်
ဖိနှိပ်မှု တွေမရှိခဲ့ကြောင်း၊ Nava Vihara (နောင်ဝ်ဗဟာရ်) မှာရှိတဲ့ ဗုဒ္ဓဘာ သာနံရံ ဆေးရေး
ပန်းချီ အနုပညာ လက်ရာတွေ နဲ့ အာဖဂန်အလယ်ပိုင်းမှာရှိတဲ့ ဗာမီယန်ဗုဒ္ဓ ရုပ်ပွါးတော်ကြီးတွေ
ကို လုံးဝထိခိုက်မှုမရှိခဲ့ ကြောင်း၊ Sogdia တောင်ပိုင်းမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း
တွေဟာလည်း လှုပ်ရှား အသက်ဝင်စည်ပင်ထွန်းကားလျှက်ရှိခဲ့ကြောင်း၊ ဗုဒ္ဓဘာသာဘုန်းတော် ကြီးကျောင်းတွေနဲ့မွတ်စ်လင်မ်ဗလီဝတ်ကျောင်းတွေဟာ ဘေးချင်းယှဉ်လျှက် ငြိမ်းချမ်းစွာ
တည်ရှိခဲ့ကြောင်းအထက်ပါ ဗုဒ္ဓဘာသာ ပညာရှင် ဒေါက်တာအလက်ဇန္ဒားဘာဇင်န် ကရေးသား
ထားပါတယ်။
သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ ၏ သစ္စာ (၂) ဖတ်ရန်။
ဆက်ရန်-သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ ၏ သစ္စာ (၄)
No comments:
Post a Comment