Monday, May 6, 2013

အစ္စလာမ်မှပြဋ္ဌာန်းသော Philanthropy (လူသားအကျိုးမြတ်နိုးခြင်း)- ၁

အရှေ့အရပ်ဘက်သို့ သော်လည်းကောင်း၊ အနောက် အရပ်ဘက်သို့သော်လည်းကောင်း
မျက်နှာမူခြင်းသည်(သာလျှင်) အသင်တို့အဘို့ ကောင်းမြတ်သော အကျင့် သီလ မဟုတ်
သေးပေ။ ကောင်းမြတ်သောသီလရှိသူသီလ၀န် ဂုဏ၀န်တို့ ဟူသည်ကား အလ္လာဟ်အရှင်မြတ်
ကိုလည်းကောင်း၊ နောက် ဆုံးနေ့ကိုလည်းကောင်း၊ကောင်းကင်တမန်များကို လည်းကောင်း၊
(အလ္လာဟ်အရှင်မြတ်ထံမှကျရောက်သော) ကျမ်းဂန်များကိုလည်းကောင်း၊ နဗီတမန်တော်များ
ကိုလည်း ကောင်း၊ ယုံကြည်မြတ်နိုးကြသော သူများတည်း။ ၎င်းပြင် ယင်းသူတို့သည် မိမိတို့၏ 

ဥစ္စာ ပစ္စည်းများကို စုံမက်နှစ်သက် ပါလျက်နှင့်ပင် (တနည်း အလ္လာဟ်အရှင်မြတ်ကိုကြည်ညို
 မြတ်နိုး ကြ၍) ဆွေမျိုးညာတကာများအား၎င်း၊ မိသက်ဆိုး ဖသက်ဆိုးများအားလည်းကောင်း၊ အထီးကျန်သူဆင်းရဲများ အား၎င်း၊ ခရီးသည်များအား၎င်း၊ ဖုန်းတောင်း ယာစကာများ အား

၎င်း၊ ကြေးကျွန်များကို ကျွန်ဘ၀မှ လွတ်မြောက်စေရာ၌ ၎င်း၊ ပေးကမ်းလှူဒါန်း စွန့်ကြဲကြ၏။ 
ထို့ပြင် ယင်းသူတို့သည် ဆွလာတ် ၀တ်ပြုကြ၏။ဇကာတ် တရားဝင်ဒါနကြေးကိုလည်း ပေး
လှူကြ၏။ ယင်းသူတို့သည်ကတိပြုသောအခါ၌ မိမိတို့၏ ပဋိညာဉ်ဝန်ခံချက်များကို အတည်ပြု
ကြ၏။ ဆင်းရဲ ဒုက္ခကျ ရောက်သည့်အခါ၌လည်းကောင်း၊ ရောဂါဘယ ဖိစီးသည့်အခါ၌
လည်းကောင်း၊ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သည့် အခါ၌ လည်းကောင်း၊ ခန္တီပါရမီကို ခိုင်မြဲ
စွာစောင့်စည်းကြ၏။ ဤ တရားများကို လိုက်နာကျင့်သုံးသော သူမွန် သူမြတ်များသည်သာ
လျှင်သစ္စာဝါဒီများ ဖြစ်ကြကုန်၏။ဤသူမွန် သူမြတ်တို့သည်သာလျှင် (အလ္လာဟ်အရှင်မြတ်ကို)
 ကြောက်ရွံ့ရိုသေမြတ်နိုးသောသီလ၀န်ဂုဏ၀န်များ ဖြစ်ကြ ကုန်၏။ 
(ကျမ်းတော်မြတ် ကုရ်အာန် စူရဟ် အလ်ဗကရဟ်-၂းအာယသ်တော် ၁၇၇)

ကျွန်ုပ်တို့မွတ်စ်လင်မ်များ ကျင့်သုံးလျှောက်လှမ်းနေကြသည့်ဘဝ တည်ဆောက်မှုလမ်းစဉ် (သို့) အစ္စလာမ်သာသနာတော်သည် လူမျိုးတစ်မျိုး၊ ဒေသ တစ်ခု ၊ ယဉ်ကျေးမှု တစ်ရပ်ရပ် အတွက် သာသင့်တော်လှသောသာသနာတစ်ရပ်မဟုတ်ဘဲ၊ စကြဝဠှာဆိုင်ရာသာသနာတော်တစ်ရပ်

သာဖြစ်ကြောင်းဦးစွာပြောကြားလိုပါသည်။  စကြဝဠှာဆိုင်ရာသာသနာတော်ကို လက်ဝယ်ရရှိ
ကျင့်သုံးနေကြရသည့်တိုင်ကျွန်ုပ်တို့မွတ်စ်လင်မ်များ သည် ထိုသာသနာတော်၏ ပင်မ အုတ်မြစ်ဖြစ်သောကျမ်းတော်မြတ်ကုရ်အာန်၏ အမိန့်ပြဋ္ဌာန်းသင်ကြားချက်အချို့
ကိုသတိလက်လွတ်ဖြစ်နေကြသည် (သို့တည်းမဟုတ်) အလေးထားဖွယ်ရာမဟုတ်ဟု ထင်မှတ်နေကြသည် ကို ဝမ်းနည်းဖွယ်ရာမြင်တွေ့ရလျှက်ရှိသည်။

ယနေ့ကမ္ဘာတစ်ခွင်လုံးတွင်သာမက ၊ မိမိတို့နေထိုင်ရာဝန်းကျင်ကိုပင်လျှင် တစေ့

တစောင်းလေ့လာအကဲခတ်မိမည်ဆိုပါက၊ ခိုကိုးရာမဲ့သက်ကြီးရွယ်အိုများ၊ အမိအဖမဲ့
ကလေးသူငယ်များ၊ ဓနဥစ္စာမရှိနည်းပါး၍ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစသည်တို့
အဖက်ဖက်မှ နိမ့်ကျနေသော လူသားညီအစ်ကိုမောင်နှမများ၊ ခိုကိုးရာမဲ့နေရှာသော
အမျိုးသမီးထုတို့အားတတ်နိုင်သ၍ ကယ်ဆယ်ကူညီစောင့်ရှောက်မြှင့်တင်နေသော လူ့အစုအဝေးအဖွဲ့အစည်းများအနက် မွတ်စ်လင်မ်တို့၏အရေအတွက်သည်ကား
လုံးဝမရှိဟုမဆိုအပ်သော်ငြား၊ ရာခိုင်နှုန်းအားဖြင့် အလွန်တရာမှ နည်းပါးလှသည်ဟု ရိုးသားစွာ မြင်မိပါသည်။အထက်တွင်ဖော်ပြခဲ့သောသက်ကြီးရွယ်အို၊မရှိနွမ်းပါးခိုကိုးရာမဲ့
လူသားများအား ကယ်ဆယ်ကူညီစောင့်ရှောက်ပံ့ပိုးခြင်းလုပ်ငန်းတို့သည် အစ္စလာမ်
သာသနာက ပြဋ္ဌာန်းထားသည့်အလွန်အရေးကြီးသောတာဝန်ဝတ္တရားတို့ဖြစ်သည်ဟု
သာသိကြပါက ကျွန်ုပ်တို့၏သာသနာ့သွေးချင်း မွတ်စ်လင်မ်တို့သည် ထိုလုပ်ငန်း
တို့ကို အလုံးအရင်းဖြင့်အားတက်သရောသူ့ထက်ငါအလုအယက်ဆောင်ရွက်လာကြမည်

မှာ မြေကြီးလက်ခတ်မလွဲပမာပင်။ သို့ဖြစ်ရာ-

ဤစာစဉ်၏အစအဦး၌ တင်ပြ ခဲ့သည့် အာယသ်တော်တွင်မိန့်ဆိုထားသည့်အတိုင်း၊ 

စစ်မှန်သောမွတ်စ်လင်မ် တစ်ဦးအနေဖြင့်ကအ်ဗဟ် ကျောင်းတော်ရှိရာအရပ်ဖက်သို့ 
မျက်နှာမူ၍ အလ္လာဟ်အရှင်မြတ်အားပုံမှန် (စဂ်ျဒဟ်) ဦးချခြင်းပြုရုံ (တစ်နည်း) ဆွလားသ်
ဝတ်ပြုရုံမျှသည် "ဗိရ်" ဟုခေါ်သည့် "ကောင်းမြတ်ခြင်းအမှု"မမည်သေးပေ။ အထက်ပါ
အာယသ်တော်တွင်ပြဋ္ဌာန်းထားသည့် အမှုကိစ္စအလုံးစုံတို့ကိုစိတ်စေတနာဖြူစင်စွာဖြင့်
 ပြုမှုဆောက်တည်မှသာလျှင် ထိုသို့သောသူတို့သည် "မုသ်သကီ" သူမွန်သူမြတ်
များဖြစ်ကြသည်ဟု အလ္လာဟ်အရှင်မြတ်မှ အဓိပ္ပာယ်ဖွင့်ဆို ကင်ပွန်းတပ်တော်မူထားလေသည်။

အာယသ်တော်တွင် ဖော်ပြထားသည့် အချို့သောအကြောင်းအရာတို့မှာ ယုံကြည်မှုဆိုင်

ရာ ပြဋ္ဌာန်းချက်တို့နှင့်ပတ်သတ်နေလေသည်။ (ဥပမာ-နောက်ဆုံးနေ့၊ ကောင်းကင်တမန်၊ 
ကျမ်းဂန်များ၊ နဗီတမန်တော်များကို ယုံကြည်သက်ဝင်ခြင်း) ကျန်ရှိသော အမှုတို့မှာမူလူသား
အချင်းချင်းပြုကျင့်ရမည့်ကိစ္စရပ်များဖြစ်လေသည်။ထို့ကြောင့်ထိုအာယသ်တော်တစ်ရပ်လုံးကို
 စေ့ငှစွာလေ့လာကျင့်သုံးမည်ဆိုပါကအလ္လာဟ်အရှင်မြတ်ကိုကြောက်ရွံ့ရိုသေခန့်ညား
ချစ်ကြည်မြတ်နိုးကြသည့် ကောင်းမြတ်သောအမူအကျင့်ပိုင်ရှင်မွတ်စ်လင်မ်တစ်ဦး
အနေဖြင့် ယုံကြည်မှုပိုင်းဆိုင်ရာအကြောင်းအရာတို့ကိုဦးညွတ်လက်ခံပြီး၊ ဆွလားသ်ဝတ်ပြုခြင်း၊ 

ဇကားသ်ပေးဆောင်ခြင်းကတိသစ္စာတည်ကြည်ခြင်း၊သည်းခံခြင်းတရားကိုစောင့်စည်းထားရှိခြင်း
တို့နှင့်အတူ ဆွေမျိုးညာတိကာ၊ မိသက်ဆိုးဖသက်ဆိုး (orphans) ၊ အထီးကျန်သူဆင်းရဲများ 
(Aged, Poor & Needy,Disabled) စသူတို့ကို ပေးကမ်းလှူဒါန်းကူညီစောင့်ရှောက်ရမည်မှာ တာဝန်တစ်ရပ်ပင်ဖြစ်သည်။

ထိုသို့ပြဋ္ဌာန်းရာတွင် မိမိနှင့်ဘာသာအယူဝါဒတူအချင်းချင်းကိုသာ ကူညီစောင့်ရှောက်

ရမည်ဟုအာယသ်တော်တွင်လုံးဝ မပါရှိပေ။သို့အတွက်ကြောင့် အစ္စလာမ်သာသနာကို
သက်ဝင်ယုံကြည်သောသူတို့ အနေဖြင့်မည်သည့်ဘာသာဝင် မည်သည့် လူမျိုးကို မဆိုပေးကမ်းကူညီထောက်ပံ့စောင့်ရှောက်လှုဒါန်းရန် "ဖွရဇ်"တာဝန်တစ်ရပ်
ပင် ဖြစ်နေပေတော့သည်။ ဘာသာအယူတူသူအချင်းချင်းကို ကူညီပေးကမ်းလှုဒါန်းစောင့်
ရှောက်ခြင်းအမှုကိုမူဤအာယသ်တော်တွင်ပင် သီးခြား ပြဋ္ဌာန်းတော်မူထားလေသည်။

ဤသို့ဆိုလျှင် အထက်ပါအာယသ်တော် အရ ဥစ္စာဓနပိုင်ဆိုင်သူတို့၌သာလျှင် မိဖမဲ့ ၊ အထီးကျန်သူဆင်းရဲတို့အားကူညီစောင့်ရှောက်ရန် တာဝန်ရှိပါသလော၊ ဓနဥစ္စာမရှိ

ဆင်းရဲနွမ်းပါးသောသူတို့၌မှု ထိုထိုသည့်တာဝန်တို့မရှိသလော ဟု စဉ်းစားလာနိုင်စရာ
အကြောင်းရှိနေပေသည်။ အမှန်မူကား၊ ဓနဥစ္စာရှိသူတို့သည်မိမိတို့၏ဓနအင်အားဖြင့် ကူညီစောင့်ရှောက်ရမည်ဖြစ်သလို ဓနဥစ္စာနွမ်းပါးသူမွတ်စ်လင်မ် တို့သည် တစ်ဖက်
တွင် ထောက်ပံ့ကူညီမှုတို့ကို လက်ခံရယူသည့်အပြင် ကျန်တစ်ဖက်တွင်လည်းမိမိနှင့်

ဘဝ တူ လူသားတို့အားမိမိတို့စွမ်းနိုင်သည့် ကာယ၊ဥာဏ အားတို့ဖြင့် ကူညီစောင့်ရှောက်
ရမည်ဖြစ်ကြောင်းအောက်ပါ အာယသ်တော်က ညွှန်ကြားထားပြန်သေးသည်။

ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားခ၀ပ်ကိုးကွယ် ဆည်းကပ်ကြလေကုန်။ 

၎င်းပြင် အသင်တို့သည်မည်သည့် တစ်စုံတစ်ရာကိုမျှ ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ခြင်း
ကို မပြုကြကုန်လင့်။ ထိုမှတစ်ပါးတုံအသင်တို့သည် အမိအဘ နှစ်ပါးတို့နှင့်၎င်း၊ ဆွေမျိုးနီးစပ်
တို့နှင့်၎င်း၊ ဘမဲ့ကလေးတို့နှင့်၎င်း၊ အထီးကျန်သူဆင်းရဲတို့နှင့်၎င်း၊ (အိမ်ချင်း) နီးကပ်သော (တစ်နည်း) ဆွေမျိုးတော်စပ်သော အိမ်နီးချင်းတို့နှင့်၎င်း၊ (အိမ်ချင်း)ဝေးလံသော (တစ်နည်း)
 ဆွေမျိုးတော်စပ်ခြင်းမရှိ သော အိမ်နီးချင်းတို့နှင့်၎င်း၊ (မိမိတို့နှင့်အတူနေထိုင်သွားလာကြ
ကုန်သော)အပေါင်းအဖေါ်တို့နှင့်၎င်း၊ ခရီးသည်တို့နှင့်၎င်း၊ မိမိတို့၏လက်အောက်ဖြစ်သော 
(၀ါ)မိမိတို့ပိုင်ဆိုင်သော ကြေးကျွန်တို့ နှင့်၎င်း၊ ကောင်းစွာဆက်ဆံပြုစုကြလေကုန်။ ဧကန်
စင်စစ် အလ္လာဟ်အရှင်မြတ်သည်မာနထောင်လွှားသောသူ၊ ၀ါကြွားပြောဆိုသောသူ
ကို နှစ်သက်တော်မူသည် မဟုတ်ပေ။
(ကျမ်းတော်မြတ်ကုရ်အာန် စူရဟ် အန် နိစာအ်-၄းအာယသ်တော် ၃၆)

အထက်ပါ အာယသ်တော်တွင် မိန့်တော်မူထားသော "အိဟ်စာန်" ဟူသော ဝေါဟာရ ၏ အနက်မှာ ကောင်းစွာပြုစုဆက်ဆံခြင်းဟု ရလေသည်။ ဓနဥစ္စာနွမ်းပါးသော မွတ်စ်လင်မ် တို့

သည်လည်း မိမိတို့တတ်အားသောကာယ၊ ဥာဏ အင်အားတို့ဖြင့် အမိအဖအပါဝင် အခြားလိုအပ်ချက်ရှိသော လူသားတို့အားကူညီစောင့်ရှောက်ရမည်သာဖြစ်ပေမည်။ မိမိ သည်နွမ်းပါးသူဖြစ်၍ တစ်ပါးအင်အား၏ အကူအညီကိုသာအစဉ်အမြဲ လက်ခံရယူနေရမည် 
ဟူသည် အစ္စလာမ်သာသနာ၏ အဆုံးအမ လုံးဝမဟုတ်ပါ။ မိမိတတ်နိုင်သော မိမိ ၏ လုပ်အား ၊
အချိန်၊ ပညာ တို့ကို အသုံးချ၍ ကူညီစောင့်ရှောက်ခြင်းလုပ်ငန်းတို့တွင် အားတက်သရော ပါဝင်နေရမည်သာဖြစ်ပေသည်။ စင်စစ်ကား အစ္စလာမ်သာသနာ ၏ အလှုဒါနဆိုင်ရာအဓိပ္ပာယ်

ဖွင့်ဆိုချက်သည် ချမ်းသာမှလှုမည်၊ ဆင်းရဲနေ၍ မလှုဟူ၍ ခွဲခြားမထားပေ။ ချမ်းသာလျှင်
မိမိအတိုင်းအတာအလျှောက်လှုဒါန်းရန်နှင့် ဆင်းရဲလျှင်လည်းမိမိအချိန်အဆ အရလှူဒါန်းရန် 
သာ အားပေးတိုက်တွန်းထားကြောင်း အောက်ပါအာယသ်တော်ကသက်သေပင်။

ထိုသူတော်စင်များသည် စီးပွားတိုးတက်ချောင်လည်စွာရှိသော အချိန်အခါများ၌လည်းကောင်း၊ 

ဆင်းရဲဒုက္ခရောက်ရှိသောအခါများ၌လည်းကောင်း (အချိန်အခါမရွေး)ပေးကမ်းစွန့်ကြဲ လှူဒါန်းကြ
ကုန်၏။ (ထိုသူတော်စင်များသည်)အမျက်ဒေါသကို ချုပ်တည်းမျိုသိပ်သောသူများလည်းဖြစ်ကြ
ကုန်၏။ လူသားတို့အားခွင့်လွှတ်သူများလည်း ဖြစ်ကြကုန်၏။ စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ယင်းသို့)ကောင်းမှုပြုလုပ်သောသူများအားနှစ်သက်တော်မူချေသတည်း။ 
(ကျမ်းတော်မြတ်ကုရ်အာန် စူရဟ် အာလိအင်မ်ရာန်-၃ ၊ အာယသ်တော် ၁၃၄)

အထက်ပါ အာယသ်တော်အရလည်း မိမိ၌လှုဒါန်းရန် ဓနဥစ္စာအနည်းငယ်မျှပင်မတတ်

စွမ်းနိုင်သောငြား မိမိတတ်နိုင်သော အင်အား၊ အချိန်၊ ပညာတို့ကို လှူဒါန်းရမည်ဟု
သာ ပေါ်လွင်လှပါသည်။

အလ္လာဟ်အရှင်မြတ်၏သာသနာတော်ကားမည်မျှပြီးပြည့်စုံ လှသနည်းဟူမူ၊ ယနေ့ကမ္ဘာပေါ်

ရှိလူမှုအဖွဲ့အစည်းအားလုံးလိုလိုက အထူးတလည်ဂရုမူနေကြသည့်လူမှုဖွံ့ဖြိုးတိုးတက်ရေး 
(Social Development) နှင့် လူသားဆိုင်ရာအကျိုးပြုလုပ်ငန်း (Humanitarian Work) တို့
အတွက် ပင် ဟာကွက်ဟူ၍စိုးစဉ်းမျှ မရှိပေ။

ဆက်ရန်-အစ္စလာမ်မှပြဋ္ဌာန်းသော Philanthropy (လူသားအကျိုးမြတ်နိုးခြင်း)- ၂

အသေခံဗုံးခွဲခြင်း (Suicide Bombing) (သို့) အသေခံတိုက်ခိုက်ခြင်း (Suicide Attack)


ယနေ့ခေတ် ယနေ့ကမ္ဘာတွင် အသေခံဗုံးခွဲခြင်း (Suicide Bombing) (သို့)
အသေခံတိုက်ခိုက်ခြင်း (Suicide Attack) ဟု ကြားလိုက်သည်နှင့် များစွာသော
လူသားတို့ ၏ အတွေးအမြင်အာရုံ တို့တွင် အစ္စလာမ်ဘာသာဝင်မွတ်စ်လင်မ်
များအား မဆိုင်းမတွ မြင်ယောင်မိတတ်ကြပေသည်။ ဤသို့မြင်တတ်ကြသည်
ကိုလည်း တစ်ထစ်ချအပြစ်မဆိုသာ၊ အဘယ်ကြောင့်ဆိုသော် ယနေ့ခေတ်
ယနေ့ကမ္ဘာ တွင် အသေခံဗုံးခွဲခြင်း၊ အသေခံတိုက်ခိုက်ခြင်းတို့ကို ပြုလုပ်နေသူ
အများစုကြီးကား အစ္စလာမ် ဘာသာဝင် မွတ်စ်လင်မ်တို့ဖြစ်နေခြင်းကြောင့်ပင်။
ဤသို့ အသေခံဗုံးခွဲခြင်း၊ တိုက်ခိုက်ခြင်းတို့အားအစ္စလာမ် ဘာသာက ခွင့်ပြု
သလော? အခြားဘာသာများကရော ခွင့်ပြုသလော? Secular လူ့အဖွဲ့အစည်း
ကရော ခွင့်ပြုသလော အသို့ပါနည်း?

အစ္စလာမ် သာသနာ သည် အပြစ်မဲ့လူသားတို့ အား မည်သည့်နည်းနှင့်မဆို
ထိခိုက်စေခြင်း၊ သေကြေပျက်စီးစေခြင်းတို့ကို ပြင်းပြင်းထန်ထန်တားမြစ်ထား
သော ဘာသာတရားဖြစ်သည်ကို အစ္စလာမ်ဘာသာ ၏အုတ်မြစ်ဖြစ်သည့်
ကုရ်အာန်ကျမ်းအား လေ့လာလျှင် အလွယ်တကူသိရှိနိုင်ပါသည်။ နမူနာပြရသော်....

ကုရ်အာန်ကျမ်း (၅း၃၂) ၏ အပိုဒ်တစ်ပိုဒ်ဖြစ်သည်။

ဧကန်စင်စစ် မည်သူမဆို အကြင်သူတစ်ဦးတစ်ယောက်အား အသက်
တစ်ချောင်း၏ အစားလည်းမဟုတ်ဘဲ၊တိုင်းပြည်၌ ဆူပူသောင်းကျန်း
(မှုကို ပြုလုပ်)ခြင်းကြောင့်လည်းမဟုတ်ဘဲ (မတရားသက်သက်)
သတ်ဖြတ်ခဲ့ပါလျှင်၊ ထိုသူသည်လူခပ်သိမ်းတို့ကို သတ်ဖြတ်ဘိသကဲ့
သို့ပင်ဖြစ်၏။ ထိုနည်းတူစွာ မည်သူမဆို လူတဦးတယောက် ကို
(အသက်ဘေးအန္တရာယ်မှ ကယ်ဆယ်ခြင်းအား ဖြင့်) အသက်ရှင်စေခဲ့ပါမူ၊
ထိုသူသည်လူအပေါင်းတို့အား အသက်ရှင်စေဘိသကဲ့သို့ပင်ဖြစ်၏။

ကုရ်အာန်ကျမ်း (၆း၁၅၁) တွင်.......

၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က (သတ်ဖြတ်ခြင်းမပြုရန်)
ဟရာမ်ဟူ ၍တားမြစ်ထားတော်မူသော အသက်ဇီဝိန်ကို မသတ်ဖြတ်ကြ
ကုန်လင့်။ သို့ရာတွင် (အစ္စလာမ်) တရားတော်နှင့်အညီ(သတ်ဖြတ်ပိုင်
ခွင့် ချွင်းချက်ရှိပေသည်)။

ကုရ်အာန်ကျမ်း (၁၇း၃၃) ၌လည်း......

၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က တားမြစ်ပညတ်ထား
တော်မူသော အသက်ဇီဝိန်ကို မှန်ကန်သော အကြောင်းမရှိဘဲလျက်
သတ်ဖြတ်ခြင်း မပြုကြရချေ။

အထက်ပါ ကျမ်းပိုဒ်များကို လေ့လာကြည့်ပါက....
အစ္စလာမ် သာသနာသည် အသက်သတ်ဖြတ်ခြင်း အမှုကို ယေဘုယျအား
ဖြင့် (သို့) ခြွင်းချက် ဖြင့် တားမြစ်ထားကြောင်း သိရှိနိုင်ပါသည်။ အသက်
ဟုဆိုရာ၌လူသားတို့၏ ဇီဝိန် သာမက တိရစ္ဆာန်တို့၏ အသက်လည်း
ပါဝင်ပေသည်။ ခိုင်လုံသော အကြောင်းတစ်စုံတစ်ရာမရှိပါဘဲလျှက် လူ နှင့်
တိရစ္ဆာန်တို့အားသတ်ဖြတ်ခြင်းသည် ကြီးလေးသောအပြစ်ဒုစရိုက်ကို ကျူး
လွန်ခြင်းမည်၏ ဟု အစ္စလာမ် သာသနာ က အတိအလင်း ပညတ် ထား
သည်မှာ မုချပင်။ ခိုင်လုံသော အကြောင်းတစ်စုံတစ်ရာဟူသည် အဘယ်နည်း?
ဓားပြမှု၊ မုဒိန်းမှု၊ လူသတ်မှု၊ နိုင်ငံတော်ပုန်ကန်မှု စသည့်ပြစ်မှုကျူးလွန်သူ
anti social elements တရားခံများအား သေဒဏ်ပေးခြင်း၊ လူသားတို့
၏ အာဟာရအလို့ငှါလည်းကောင်း၊ အသုံးအဆောင် အလို့ငှါလည်းကောင်း
တိရိစ္ဆာန်တို့အား သတ်ဖြတ်ခြင်း စသည်တို့ကို ဆိုလိုပါသည်။

အစ္စလာမ် သာသနာဝင် မွတ်စ်လင်မ်တို့ အနေဖြင့် လူသား တို့အားမဆိုထား
နှင့် ၊ တိရိစ္ဆာန်များအားပင်လျှင် မတရားအကြောင်းမဲ့နာကျင်စေခြင်း၊ သတ်ဖြတ်
ခြင်းမပြုရရုံမျှမက ထိုအသက်ဇီဝိန်များကို တတ်အားသရွေ့ ကယ်တင်စောင်မ
ရမည်ဖြစ်သည်။ ထင်ရှားပြတ်သားသော သာဓက တစ်ရပ်ဖြင့်လင်းပြရသော်.....
အစ္စလာမ်သာသနာဝင်တို့သည် ဝက်သတ္တဝါ၏ အသားအား စားသုံးခြင်းမပြု
ရကြောင်း လူတိုင်းနီးနီးသိရှိ ကြပေသည်။ သို့ရာတွင်....အကယ်၍....
ဝက်သတ္တဝါတစ်ကောင်သည် လမ်းတစ်နေရာ၌ ကားတိုက်မိ၍ဒဏ်ရာရ လျှက်
ရှိသည်ကို၊ မွတ်စ်လင်မ်တစ်ဦး က တွေ့မြင်သည်ဆိုကြပါအံ့၊ ထိုဝက်သတ္တဝါ
အား အချိန်မီ ပြုစုစောင့်ရှောက် ကုသပေးပါ က အသက်ရှင်နိုင်သည် ဟု
ထိုမွတ်စ်လင်မ်က ထင်မြင်အံ့၊ ၎င်း သတ္တဝါအား ကြင်နာယုယစွာ ထွေးပိုက်
၍ ကုသပြုစုစောင့်ရှောက်ပေးရန် ထိုမွတ်စ်လင်မ် အပေါ်၌ တာဝန်ထိုက်သက်
သွားလေသည်။ ကြင်နာသနားသောစိတ်ထားဖြင့် ပြုစုစောင့်ရှောက် ပေးပါ
က ကုသိုလ်အကျိုးရမည်ဖြစ်ပြီး၊ လစ်လျုရှု စွန့်ခွါသွားပါက အပြစ်ထိုက်မည်
ဖြစ်ပေသည်။ သို့ရာတွင်..........အကယ်၍.....ရူးသွပ်နေသော ခွေးတစ်ကောင်
သည် လမ်းပေါ်တွင် ဥဒဟိုပြေးလွှား၍ လူတို့အား ရန်မူနေသည်ကို မွတ်စ်လင်မ်
တစ်ဦးသည် တွေ့မြင်သည် ဆိုကြပါအံ့၊ ထိုခွေးရူးအား တိုက်ခိုက်နှိမ်နင်းနိုင်မည်
ဟု ထိုမွတ်စ်လင်မ်ကထင်မြင်အံ့၊ တိုက်ခိုက်နှိမ်နင်းသတ်ဖြတ်ပြီး လူတို့အား
ကယ်တင်ရန် ထို မွတ်စ်လင်မ် အပေါ်၌ တာဝန်ထိုက်သက်သွားလေသည်။
ထိုခွေးရူးအား တိုက်ခိုက်နှိမ်နင်းသတ်ဖြတ်ပါက ကုသိုလ်အကျိုးရမည်ဖြစ်ပြီး၊
လစ်လျူရှုစွန့်ခွါသွားပါ က အပြစ်ထိုက်မည်ဖြစ်လေသည်။ ဤသည်တို့ကား
အသက်သတ်ဖြတ်ခြင်းနှင့်ပတ်သက်သော အစ္စလာမ်သာသနာ အဆုံးအမ
အားမြင်သာစေသည့်အကျဉ်းသာဓက တို့ပင်။

ယခုဆက်လက်၍ အသေခံတိုက်ခိုက်သည့် အကြောင်း ရေးသားပါမည်။
များစွာသော ဘာသာတရားတို့၏အဆုံးအမတို့တွင် မိမိကိုယ်ကိုအဆုံးစီရင်ခြင်း
(Suicide) သည် ချီးမွမ်းဖွယ်ရာ အမှုမဟုတ်ရုံမက အပြစ်ဖြစ်စေသောအမှု
ဖြစ်သည်။ မိမိကိုယ်ကိုအဆုံးစီရင်သူနှင့် ပတ်သက်၍ တမန်တော် မုဟမ္မဒ် က
ဤလောကတွင်မည်သူမဆို မိမိ၏ အသက်ဇီဝိန် အား တစ်စုံတစ်ရာဖြင့်
သတ်ဖြတ်အဆုံးစီရင်ခဲ့သော် ပြန်လည်ရှင်သန်ထမြောက်မည့်နေ့တွင်လည်း
ထိုသူအား ယင်းအရာဖြင့်ပင် အပြစ်ပေးခြင်းခံရအံ့။ ဟု မိန့်တော်မူထားကြောင်း
Sahih Bukhari နှင့် Sahih Muslim ကျမ်းတို့တွင် တွေ့ ရှိနိုင်ပါသည်။ ၎င်းပြင်
မိမိ ကိုယ်ကိုအဆုံးစီရင်သူ အတွက် တမန်တော်မုဟမ္မဒ်က ဦးဆောင်ပြီး
ဆုတောင်းခြင်း အမှုမပြုပေးကြောင်းကိုလည်း လေ့လာသိရှိရပါသေးသည်။
အပြစ်မဲ့လူသားတို့အား သေကြေပျက်စီးစေသည့် အသေခံဗုံးခွဲတိုက်ခိုက်ခြင်း
အမှု တွင် မိမိကိုယ်ကို အဆုံးစီရင်ခြင်း ပြစ်မှု အပါအဝင်အပြစ်မဲ့တို့အား
သေကြေပျက်စီးစေသည့် အမှုလည်းပါဝင်နေခြင်းကြောင့် ၎င်းလုပ်ရပ်သည်
လွန်စွာ ပြစ်တင်ရှုံ့ချဖွယ်ရာဖြစ်နေကြောင်း မည်သူမျှ ငြင်းနိုင်မည် မဟုတ်ပါ။

မိမိကိုယ်ကိုဆုံးစီရင်၍ အပြစ်မဲ့တို့အား သေကြေပျက်စီးစေခြင်းကို ဘာသာ
တရားတိုင်း လူ့အဖွဲ့အစည်းတိုင်း ကလက်မခံ ရှုံ့ချသော်လည်း အများသူငှါ
အကျိုးအတွက်မိမိအသက်ခန္ဓာစွန့်၍ အကျိုးဆောင်ခြင်းကို မူ ဘာသာ တရား
တိုင်း လူ့အဖွဲ့အစည်းတိုင်း က လက်ခံရုံမကကြီးစွာသော ဂုဏ်ပြုခြင်းအမှု
ကို ပြုလေ့ရှိကြပြီး၊ ထိုသို့အကျိုးဆောင်သူအား မိမိတို့၏ National Hero
အမျိုးသားသူရဲကောင်း အဖြစ် သတ်မှတ်ဂုဏ်ပြုကြလေသည်။ ပမာပြရသော်.....
မြန်မာနိုင်ငံစစ်သည်တော်တို့အားပေးအပ် ချီးမြှင့်သည့် "အောင်ဆန်းသူရိယ" ဘွဲ့၊
ပါကစ္စတန် နိုင်ငံ စစ်သည်တော်တို့အား ပေးအပ်ချီးမြှင့်သည့် "နိရှာနေဟိုင်ဒရ်" ဘွဲ့။

များစွာသောသူတို့ က မွတ်စ်လင်မ် တို့သည် အသေခံဗုံးခွဲခြင်း (သို့) အသေခံ
တိုက်ခိုက်ခြင်းတို့ကို ကနဦးတီထွင်ခဲ့ကြသူများဖြစ်သည်ဟု ထင်မှတ်နေကြသည်။
မွတ်စ်လင်မ် တို့သည် အသေခံဗုံးခွဲခြင်း (သို့) အသေခံတိုက်ခိုက်ခြင်းတို့ကို
စတင်တီထွင် ခဲ့သူများမဟုတ်ပေ။ လေ့လာမိသလောက်ဆိုရင် ကမ္ဘာ့သမိုင်းတွင်
ပထမဦးဆုံးအသေခံတိုက်ခိုက်ခြင်း (Suicide Attack) ကို  ပြုခဲ့သူမှာခရစ်ယျာန်
သမ္မာကျမ်းလာ Sampsom (ခ) ရှံဆုန် ဟုခေါ်သောသူသာလျှင် ဖြစ်ပေသည်။
(ကိုးကား-သမ္မာကျမ်း ဓမ္မဟောင်း၊ တရားသူ ကြီးမှတ်စာ ၁၆း၂၆-၃၀)။ ထို ရှံဆုန်
သည် ၎င်း၏ အသက်ကိုအဆုံးစီရင်ကာ ဖိလစ်စတိုင်းလူမျိုးယောက်ျား မိန်းမ
အယောက် ၃၀၀၀ ကျော်အားသတ်ဖြတ်ခဲ့လေသည်။  အသေခံဗုံးခွဲခြင်း လုပ်ရပ်
ကို ကမ္ဘာတွင်အများဆုံးပြုခဲ့သူတို့မှာ သီရိလင်္ကာနိုင်ငံတွင် အလွန်အင်အားကောင်း
ခဲ့သော LTTE (ခ) တမီလ်ကျားသူပုန် (Liberation Tigers of Tamil Eelam)
အဖွဲ့ဖြစ်သည်။ မိမိကိုယ်ကိုအဆုံးစီရင်၍ ရန်သူ အား အသေခံတိုက်ခိုက်ရာတွင်
နာမည်ကြီးသူတို့မှာ ဂျပန်လေသူရဲများဖြစ်ကြောင်းသိရှိကြပေမည်။ ဂျပန် လေသူရဲ
၄၀၀၀ နီးပါးတို့သည် ဒုတိယကမ္ဘာစစ်အတွင်းက  ကာမိကာဇီဟူသော လေယာဉ်
ထိုးစိုက် အသေခံတိုက်ခိုက်ခြင်းကို ပြုလုပ်ခဲ့ကြလေသည်။

သို့ဖြစ်ရာ.....

အကယ်၍....အီရတ် နိုင်ငံအား ဝင်ရောက် ကျူးကျော်တိုက်ခိုက်သော နိုင်ငံခြားတပ်
များအား အီရတ်တို့က အသေခံဗုံးခွဲတိုက်ခိုက်ခြင်း၊ အသေခံတိုက်ခိုက်ခြင်း တို့
ပြုလုပ်ပါ က ၎င်းတို့၏ မြေကြီးအားကာကွယ်သည် မည်သောကြောင့် ချီးမွမ်းဂုဏ်
ပြုစရာပင်။ အကယ်၍သာ အာဖဂန်တို့က ၎င်းတို့နိုင်ငံကို ကျူးကျော်တိုက်ခိုက်သော
နိုင်ငံခြားတပ်တို့အား အသေခံဗုံးခွဲခြင်း၊ အသေခံတိုက်ခိုက်ခြင်းတို့ ပြုလုပ်ပါက၎င်း
တို့၏ မြေကြီးအားကာကွယ်သည် မည်သောကြောင့်ချီးမွမ်းဂုဏ်ပြုစရာပင်။ သို့ရာ
တွင် ကြီးစွာသော သတိထားရမည်မှာ-အစ္စလာမ် သာသနာသည် အပြစ်ရှိသူ တစ်
ယောက်အတွက် အပြစ်မဲ့တို့အား တိုက်ခိုက်ခြင်း အမှုကို ပြင်းပြင်းထန်ထန်တားမြစ
်ထားသည်ဟူသောအချက်ပင်ဖြစ်သည်။ ဥပမာ- အိုစာမာဘင်န်လာဒင်န်သည် အမှု
တစ်ခုအတွက် အပြစ်ရှိသည်ဆိုအံ့၊ ၎င်းနေထိုင်ရာနိုင်ငံတစ်ခုလုံးရှိ အပြစ်မဲ့သူတို့
အား မည်းမည်းမြင်ရာ တိုက်ခိုက်နေခြင်းမျိုးမှာ အစ္စလာမ့် အဆုံးအမ မဟုတ်ပေ။
ကျူးလွန်သောအမေရိကန် (သို့) အစ္စရေး လူမျိုး တစ်ဦးတစ်ယောက်ကြောင့်
အမေရိကန် တိုင်း အစ္စရေးတိုင်း အား သတ်ဖြတ်ရမည် ဟူသော Idea မျိုးသည်
လည်း အစ္စလာမ့် အဆုံးအမ မဟုတ်ပါ။

သို့သော်.....တစ်ဖက်သတ် မတရားဖိနှိပ်အနိုင်ကျင့် ခံနေရပါက ရရာနည်းလမ်းကို
အသုံးချပြီး ပြန်လည်တုန့်ပြန်တတ်သော Psychological အခြေခံ သဘောတရား
တို့ကို လက်လွှတ်၍လည်းမရပေ။ ဥပမာ-ပါလက်စတိုင်းအရေးအခင်း။ အစ္စရေးတို့
သည် ပါလက်စတိုင်းနယ် အားကျူးကျော်ဝင်ရောက် အခြေချနေထိုင်ပြီးနောက်၊အပြစ်
မဲ့ ပါလက်စတိုင်း လူမျိုးတို့အား အနိုင်ကျင့်သတ်ဖြတ် နေခြင်းကြောင့်ပါလက်စတိုင်း
တို့သည် အစ္စရေးတို့အားရရာနည်းလမ်းဖြင့်တိုက်ခိုက်ကြရာ အပြစ်မဲ့တို့သေဆုံးကြ
ရပြန်လေသည်။

သို့တစေ.....

လောကတွင် မည်သူမှားသည်ဖြစ်စေ၊ မွတ်စ်လင်မ် ဟူသည်ကားအမိုက်ဖက်ပြိုင်၍
မှားမရပေ။ အစ္စရေးတို့အား တုန့်ပြန်တိုက်ခိုက်ရင်း အပြစ်မဲ့တို့ကိုပါ သေကြေစေသော
ပါလက်စတိုင်းတို့အား အမိုက်မပြိုင်ရန် ခေါင်းဆောင်တို့အနေဖြင့် ဆုံးမသင့်သလို၊
တစ်ဖက်တွင်လည်း ပါလက်စတိုင်းတို့၏တုန့်ပြန်မှုကို ဖြစ်စေသော root cause အား
ဝိုင်းဝန်းဖယ်ရှားရမည်ဖြစ်ကြောင်း ပမာဆောင် ရေးသားတင်ဆက်လိုက်ပါသည်။


ရဲရင့်သစ္စာ (၇.၁၁.၂၀၁၂)

သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ ၏ သစ္စာ (၄)

သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့်  ရဲရင့်သစ္စာ ၏ သစ္စာ (၄)

၁၄။ သရဝဏ် (ပြည်)- ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးရေးခဲ့သော ဂါသကျမ်း ၌ လည်း ဗုဒ္ဓဘုရားရှင်
သည် သူ၏လက်ဝဲဘက် ခြေတော်ရာကို သမ္မနိုလာ (သီရိလင်္ကာ) အရပ်တွင် ချတော်မူပြီး၊ လက်ယာခြေတော်ရာကို ယိုနာကာပူရ် (ဆော်ဒီအာရေဗျ)နိုင်ငံ မက္ကာမာ(မက္ကာ)တွင် ချတော်မူသည်
ဟု အထူးအလေးထား ဖော်ပြထားပါသည်။

ရဲရင့်သစ္စာ  - ကျွန်တော် အရင်လည်းရေးခဲ့ဖူးပါတယ်။ သရဝဏ် (ပြည်) က Dr. Sripali Vaiamon ရဲ့ Buddhist History of Afghanistan and South India ဆောင်းပါးကို ဘုရားဟောတမျှ လုံးဝ ဥဿုံ
မျက်စိမှိတ် ယုံကြည်ထားပုံရပါတယ် လို့။ ဗုဒ္ဓကိုယ်တော်မြတ်ကြီး က သူ၏လက်ဝဲဘက် ခြေတော်ရာ
ကို သမ္မနိုလာ (သီရိလင်္ကာ) အရပ်တွင် ချတော်မူပြီး၊ လက်ယာခြေတော်ရာကို ယိုနာကာပူရ် (ဆော်ဒီအာရေဗျ)နိုင်ငံ မက္ကာမာ (မက္ကာ)တွင် ချတော်မူတယ်လို့ ဂါသကျမ်းမှာလည်း ရေးထားတာ
မတွေ့မိပါဘူးခင်ဗျား။ ဂါသကျမ်း (Gathas) အင်္ဂလိပ်ဘာသာပြန် ကို သွားရောက်ဖတ်ရှုကြည့်ပါ။ http://www.sacred-texts.com/bud/mzb/mzb01.htm Dr. Sripali Vaiamon ဆိုသူက လူတွေလက်လှမ်းမမှီလောက်ပါဘူးလို့ ထင်မြင်ပြီး ကျမ်းတစ်ခုအမည်ကို ဆောင်းပါးထဲမှာထည့်၊ ကိုယ်ရေးချင်တာရေးပြီး လိမ်လည်ထားတာကို သရဝဏ် (ပြည်) က မစူးစမ်း မဆင်ခြင်၊ မလေ့လာ
မဆန်းစစ်ပဲ ဂါသကျမ်းကို ကိုယ်တိုင်ဖတ်ရှုလေ့လာဖူးသလို ထပ်ဆင့်လိမ်လည်ရေးသားလိုက်တော့ သရဝဏ် (ပြည်) ရဲ့ ဆောင်းပါးလေး က အလွန့်အလွန်ကို တန်ဖိုးမဲ့သွားပြန်ပါတော့တယ်။ သရဝဏ် (ပြည်)ဗဟုသတ ရဖို့ ပြောပြချင်တာ က  ဂါသကျမ်းဆိုတာ ဇိုရိုအက်စတာဘာသာမှာလည်း ရှိပါတယ်။ ဓမ္မတေး ၁၇ ပုဒ် ကို (Gathas) လို့ခေါ်ပါတယ်။  (ကိုးကား-The Hymns of Zoroaster usually
called the GATHAS by KENNETH SYLVAN LAUNFAL GUTHRIE, The Platonist Press,
 U.S.A, 1914) ဟိန္ဒူ ဘာသာမှာလည်း ဂါသကျမ်းတွေ ရှိပါတယ်။ (ကိုးကား-The Oxford Dictionary
of the World Religions, Oxford University Press, 1997)

၁၅။ သရဝဏ် (ပြည်)- ဤအချက်သည် မွတ်ဆလင်တို့က ကဘာဟုခေါ်သော မက္ကာရှိ ခြေရာတစ်ခု
ကို ရည်ညွှန်းပုံရသည်။ မွတ်ဆလင်၊ ခရာဇ်ယန်နှင့် ဂျူးဘာသာဝင်တို့ အလေး အမြတ်ထားကြသော
 အေဘရာဟမ်းဆိုသည့် ပုဂ္ဂိုလ်သည် ကျောက်နံရံပေါ်၌ သူ၏ခြေရာကိုတစ်ချိန်က ချထားခဲ့သည်ဆို၏။ ထိုခြေရာ မချခင်ကပင် မူလခြေရာတစ်ခုသည် ရှိနှင့်နေပြီးဖြစ်ရာ အေဘရာဟမ်သည် ထိုမူလခြေရာကို အာဒမ်၏ခြေရာဟု ယူဆခဲ့ပြီး ကျောက်တုံးတစ်ခုနှင့် ဖုံးအုပ်ထားခဲ့ပြီး ခြေရာအမည်ကို ကဘာဟု အမည်ပေးခဲ့သည်ဟု ဆို၏။
ရဲရင့်သစ္စာ   - ဗုဒ္ဓ ကိုယ်တော်မြတ် ဟာ သက္ကရာဇ် ဘီစီ ၆ ရာစု မှာ ဖွားမြင်တော် မူခဲ့ကြောင်း အထောက်အထားအကိုးအကား အထူးပေးပြီး ဖော်ပြနေစရာ မလိုဘူးလို့ထင်ပါတယ်။ (လိုအပ်
ရင်တော့ ပြောပါ)။ တမန်တော် အစ်ဘရာဟင်မ် (Abraham)ဟာ ဘီစီ  ၂၀၀၀ အစောပိုင်း မှာ ရှင်သန်နေထိုင်ခဲ့သူ ဖြစ်ကြောင်း ပညာရှင် အများစုကြီး က လက်ခံထားပါတယ်။ (ကိုးကား--Encyclopaedia Britannica, entry:Abraham) ဘီစီ ၂၀၀၀ အစောပိုင်းမှာ နေထိုင်သူ က ဘီစီ
၆၀၀ အနီးအနားမှာ နေထိုင်ခဲ့သူရဲ့ ခြေရာ ကို တွေ့ခဲ့တယ် လို့ ရေးထားတဲ့ ကျမ်းကို ကိုးကားပြီး
 ဆောင်းပါးထဲ ထည့်ရေးတာဆို တော့ အားနာနာနဲ့ပဲ ပြောချင်ပါတယ်။  Dr. Sripali Vaiamon နဲ့ သရဝဏ် (ပြည်) တို့ စိတ်မှနှံ့သေးရဲ့လားလို့။

၁၆။  သရဝဏ် (ပြည်)-  ဤကိစ္စသည် အသေးစိတ်ဆက်လက်လေ့လာ သုတေသနပြုသင့်သော ကွင်းဆက်တစ်ခု ဖြစ်ပါသည်။

ရဲရင့်သစ္စာ  - ဘီစီ ၆၀၀ အနီးအနား နေထိုင်ခဲ့သူရဲ့ ခြေရာကို ဘီစီ ၂၀၀၀ အစောပိုင်းနေထိုင်သူ က တွေ့ရှိခဲ့တယ် ဆိုတဲ့ အဆိုကို အသေးစိတ်ဆက်လက်လေ့လာ သုတေသန ပြုဖို့ အတွက် သရဝဏ်(ပြည်) ဦးဆောင်ပြီး မြန်မာ့သမိုင်းကော်မရှင်တို့၊ ကမ္ဘာ့တက္ကသိုလ် ကြီးတွေ က သမိုင်း
ဌာန ကြီးတို့ကို အကြံပေးကမ်းလှမ်းကြည့်ပါလို့ ပြောချင်ပါတယ် ခင်ဗျာ။ သရဝဏ် (ပြည်) ရဲ့
proposal ကို Oxford လို တက္ကသိုလ် ကြီးက လက်ခံလိုက်ရင်ဖြင့် တိုင်းပြည် ဂုဏ် သိက္ခာ ပိုတက်သွားနိုင်တာပေါ့။ (တမင်တကာဟာသရသမြောက်အောင် "ရွဲ့" ပြောနေတာပါ၊ တကယ်
သွားမလုပ်ပါနဲ့။ သရဝဏ် (ပြည်) ကြောင့် တိုင်းပြည်ရော၊ မြန်မာပညာရှင်တွေ ရော ဂုဏ် သိက္ခာကျဆင်းသွားပါလိမ့်မယ် တိုင်းပြည် ဂုဏ်မဆောင်နိုင်ရင်နေပါ။ တိုင်းပြည် သိက္ခာ ကိုတော့ မချကြပါနဲ့လို့ တိုင်းပြည်အပေါ် သစ္စာကြီးမားတဲ့ သူ တစ်ယောက်အနေနဲ့ ပြင်းပြင်းထန်ထန် သတိပေးလိုပါတယ်။ )

၁၇။  သရဝဏ် (ပြည်)- အာဖဂန်နစ္စတန်ကဲ့သို့ပင် ဗုဒ္ဓသာသနာ စည်ပင်ထွန်းကားပြီးမှ ကွယ်ပျောက်သွားသော အခြားနေရာတစ်ခုမှာ အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မဟာယာနနှင့်  ထေရ၀ါဒရဟန်းတော်များ သီတင်းသုံးခဲ့သည့် ဘုန်းတော်ကြီးကျောင်းပေါင်း များစွာ
ကို တွေ့ခဲ့ရသည်ဟု ပြောပါသည်။
 ရဲရင့်သစ္စာ  - ဗုဒ္ဓဘာသာ အိန္ဒိယ က ဘာလို့ကွယ်ခဲ့ရလဲ တကယ် သိချင်ရင် ကျွန်တော် ရေးထားတဲ့ "သမိုင်းဟူသည် ဤသို့တည်" စာအုပ်ကို ဖတ်ကြည့်ပါ။

၁၈။ သရဝဏ် (ပြည်)- ယခုအခါ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာမှာ အိန္ဒိယမှာ ရော၊ သီရိလင်္ကာ
မှာရော ရောထွေးနေပေသည်။ ဟိန္ဒူဘုရားကျောင်းတိုင်းတွင် ဗုဒ္ဓရုပ်ပွားတော် တွေ့ရမည်ဖြစ်ပြီး၊ ဗုဒ္ဓဘာသာ ဘုရားပုထိုးများမှာလည်း ဟိန္ဒူနတ်ရုပ်များ ရှိလေသည်။

 ရဲရင့်သစ္စာ - ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ တို့ဟာ သီရိလင်္ကာ မှာ ဘယ်လိုလဲ မပြောတတ်ပါဘူး။ အိန္ဒိယ ဒေသအများစု မှာ တော့ ရောရောနှောနှော မရှိပါဘူး။ အိန္ဒိယ က  ဟိန္ဒူဘုရားကျောင်းတိုင်း
မှာ ဗုဒ္ဓရုပ်ပွားတော် မရှိပါဘူး။ မတွေ့ရပါဘူး။ ဗုဒ္ဓဘာသာ ဘုရားပုထိုးများမှာ (ဗုဒ္ဓဘာသာ ဘုရား
ပုထိုးတိုင်းမှာ) လည်း ဟိန္ဒူနတ်ရုပ်များမရှိပါဘူး။

၁၉။ သရဝဏ် (ပြည်)-  ဗုဒ္ဓဘာသာကို ရန်သူသဖွယ် တိုက်ခိုက်နှင်ထုတ်ခဲ့သော အာဖဂန်နစ္စတန်နှင့် ယှဉ်၍ သုံးသပ်ကြည့်စေလိုပါသည်။

 ရဲရင့်သစ္စာ - အစ္စလာမ် ဘာသာဝင် မင်းအချို့ကလွဲလို့ ဘုရင် အများစု က ဗုဒ္ဓဘာသာကို ရန်သူ
သဖွယ်တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး။ စွမ်းနိုင်ရင်တော့ အထောက်အထားလေးနဲ့ပြောဖို့ကြိုးစား
ကြည့်လိုက်ပါ။ ဗုဒ္ဓဘာသာကို ရန်သူသဖွယ် တိုက်ခိုက်နှင်ထုတ်ခဲ့တယ်ဆိုတာ ပေါ်ပေါ်ထင်ထင် အလိမ်အညာ (Plain Lie) ကြီးပါ။
 
ထပ်မံ သတိပေးချက်။ သရဝဏ် (ပြည်) နဲ့ News Watch (စောင့်ကြည့်) 
ဂျာနယ်တို့ဟာ ယနေ့မှ စ၍ တစ်လ အတွင်း (1.1.2013 နောက်ဆုံးထား၍) 
ကျွန်ုပ် ရဲရင့်သစ္စာ ၏ ထောက်ပြဝေဖန်မှုများသည် မှားယွင်း နေကြောင်း ပြန်လှန်
 ဆွေးနွေးနိုင်ခြင်း မရှိပါက နိုင်ငံတော်အသိအမှတ်ပြု ဘာသာတရား တစ်ရပ် ဖြစ်
သည့် အစ္စလာမ် ဘာသာနှင့်ပတ်သက်၍ အလွဲအမှားရေးသားမှုများ ထိုးနှက်တိုက်ခိုက်
မှုများအတွက် တိုင်းသိပြည်သိ ဂျာနယ်တစ်စောင် မှ တစ်ဆင့်တရားဝင်တောင်းပန်ရန်
 နှင့် အကယ်၍ ထိုသို့ တောင်းပန်ခြင်းမပြုပါက ကျွန်ုပ် ကိုယ်တိုင် တရားလိုပြု၍  တရားဥပဒေအရ တရားစွဲဆို မည်ဖြစ်ကြောင်း လေးစားစွာ သတိပေးအပ်ပါသည်။
 
ရဲရင့်သစ္စာ (၁.၁၂.၂၀၁၂)

သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့်  ရဲရင့်သစ္စာ ၏ သစ္စာ (၃) ဖတ်ရန်။ 

သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ ၏ သစ္စာ (၃)

သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ ၏ သစ္စာ (၃)

၁၀။ သရဝဏ် (ပြည်) - အာရပ်တို့ အာဖဂန်ကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စလာမ်ဝါဒ ကို
သယ်ဆောင်လာဖို့ စစ်ရေးဖြင့် ကျူးကျော်ဝင်ရောက်လာသောအခါ အာဖဂန်ဒေသခံ
 တောင်ပေါ်သားတို့သည်၎င်းတို့၏ ပိုက်နက်နယ်မြေကို လက်နက်စွဲကိုင်ကာ ခုခံကာကွယ်
ခဲ့ကြပေသည်။

ရဲရင့်သစ္စာ - အာရပ်တွေ ဟာ အာဖဂန် ကို တိုက်ခိုက်ခဲ့ တာ အစ္စလာမ်ဝါဒ ကို စစ်ရေးနဲ့ဖြန့် ချီဖို့ဖြစ်ကြောင်း သရဝဏ် (ပြည်) က ရေးသားပြီး အစ္စလာမ်ဘာသာကို ထိုးနှက်ထားပါတယ်။ အာရပ်တွေက အာဖဂန် ကို ဝင်မတိုက်ခင်နှစ်ပေါင်းများစွာ ကတည်း က အဲဒီ ဒေသ ကို ပါရှန်းတွေ
ထံ က မစီဒိုနီယားဘုရင်  မဟာအလက်ဇန္ဒား က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး၊ နောက်ပိုင်းမှာ ဂရိတွေ
အုပ်စိုး၊ တာ့ခ်တွေ ဝင်တိုက်၊ ကူရှန် တွေ ဝင်တိုက် မင်းဆက်တွေ တည်ထောင်ခဲ့ပြီး အေဒီ ၅ ရာစု
နဲ့ ၆ရာစုတွေ မှာ Hephthalite (ခေါ်) ဟန်ဖြူ (White Huns)  လူမျိုးတွေ ဝင်တိုက်ခိုက်သိမ်းပိုက် ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဒေသ ကို တိုက်ခိုက်သိမ်းပိုက်ပြီးကူရှန်မင်းဆက်ကို တည်ထောင်ခဲ့သူ ကူရှန်
 တွေ ဟာ မဟာယန ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ (ကိုးကား-Encyclopaedia Britannica, entries : Balkh, Hun, Kushan Dynasty ၊ A Brief History of Afghanistan Shaista Wahab and Barry Youngerman, University of Nebraska at Omaha, 2010)

အာဖဂန် နစ္စတန် မှာ အမြစ်တွယ်ခဲ့တဲ့ ဗုဒ္ဓဘာသာ ဟာ ထေရဝါဒ ဗုဒ္ဓ ဘာသာလုံးဝ မဟုတ်ပါဘူး။ ထေရဝါဒီ တွေ က အဓမ္မဝါဒလို့သမုတ်ထားတဲ့ မဟာသံဃိက ဂိုဏ်းသာ
အာဖဂန် နစ္စတန် မှာ အမြစ်တွယ် ခဲ့တာ ဖြစ်ကြောင်းဒေါက်တာ Dr. Alexander Berzin
က သူ့ရဲ့ Historical Sketch of Buddhism and Islam in Afghanistan မှာ ရေးသားထားပါတယ်။ တာလီဘန် တွေ က ၂၀၀၁ မှာ ဖျက်စီးခဲ့တဲ့ ဗာမီယန် ရုပ်ပွါးတော် ဟာ မဟာသံဃိက ဂိုဏ်း ကနေ
ထပ်ပြီး ခွဲထွက်ခဲ့တဲ့ လောကုတ္တရ ဝါဒီ တွေ က ထုလုပ်ကိုးကွယ်ခဲ့တာဖြစ် ကြောင်းလည်းအထက်ပါ သုတေသနစာတမ်း မှာရေးသားထားပါသေးတယ်။ အေဒီ ၅၁၅ မှာ ဟန်ဖြူ (White Huns) လူမျိုး
ဘုရင် Mihirakula က ဗုဒ္ဓဘာသာ ကို ဖိနှိပ်ခဲ့ပြီးဘုန်းကြီးကျောင်းတွေ ကို ဖျက်ဆီး၊ ဘုန်းကြီး အမြောက်အများကို သတ်ဖြတ်ခဲ့ကြောင်းလည်းရေးသားထားပါတယ်။ ဒါတွေ ဟာ အာရပ်တွေ အာဖဂန်ဒေသထဲဝင်မလာခင် အခြေအနေတွေပါ။


မဟာယာန ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ Alexander Berzin ရဲ့ အထက်ပါသုတေသန
စာတမ်း http://www.berzinarchives.com/web/en/archives/study/history_buddhism/buddhism_central_asia/history_afghanistan_buddhism.htm lကို သေချာလေ့လာကြည့်
လိုက်ရင် အာရပ် တွေ ဟာ အာဖဂန် နစ္စတန် ကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စလာမ်ဝါဒကို သယ်ဆောင်
လာဖို့ စစ်ရေးနဲ့ ကျူးကျော်ဝင်ရောက်လာတာ လုံးဝ မဟုတ်ကြောင်း အလွန်ထင်ရှားလာပါလိမ့်မယ်။ အာရပ်မွတ်စ်လင်မ် တွေ ဟာအာဖဂန်နစ္စတန် မှာ ဗုဒ္ဓဘာသာ ကို တိုက်ခိုက်ခဲ့တာမဟုတ်ကြောင်း အထောက်အထားတွေ အနေနဲ့ သမိုင်းကျမ်းတွေ ကို ကိုးကားပြနိုင် ပါသေးတယ်။ ဒါပေမယ့် အခု မပြသေးပဲ သိမ်းထားချင်ပါတယ်။ နောက်နောင်လိုအပ်လာတဲ့ အခါ အသုံးပြုဖို့ပါ။ အစ္စလာမ် ဘာသာ
ကို စစ်ရေးနဲ့ဖြန့်ခဲ့တယ်ဆိုတဲ့အရေးအသား က မွတ်စ်လင်မ် တစ်ဦး အတွက်တင် မက အစ္စလာမ်
ဘာသာ ကျမ်းစာတွေ ကို အစွဲကင်းကင်း ဖြူဖြူစင်စင်နဲ့ လေ့လာ ဖူးသူပညာရှင်တိုင်းအတွက် ဟာသ သဖွယ်သာဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင်

ကုရ်အာန်ကျမ်း ၂း၂၅၆ မှာ -

"ဖြောင့်မတ်မှန်ကန်သော (အစ္စလာမ်သာသနာတော်၏) တရားလမ်းစဉ် သည် 
မမှန်ကန်သော လမ်းစဉ်နှင့်(သိသိသာသာ) ရှင်းလင်းထင်ရှားစွာ ကွဲပြားခြားနား လျက်ရှိနေပြီဖြစ်ပေရာ (မည်သူတစ်ဦး တစ်ယောက်ကိုမျှ အစ္စလာမ်)သာသနာတော်
တွင်း၌ (ဝင်ရောက်ရန်အတွက်) အတင်းအဓမ္မ အနိုင်အထက် အလျင်းမပြုရ။" 

၁၁။ သရဝဏ် (ပြည်) - အာရပ်များသည် ဒေသခံများကို အစ္စလာမ် ကိုးကွယ်သူများ ဖြစ်စေရန် အတင်းအကျပ် ဘာသာပြောင်းစေရန် ကြံဆောင်မှုမှာ ကနဦးတွင် အာဖဂန်တောင်ပေါ်သားများ
၏ အဆက်မပြတ် အပြင်းအထန် ခုခံတော် လှန်မှုကြောင့် မအောင်မြင်ခဲ့ပေ။


ရဲရင့်သစ္စာ - အထက်ပါ စာသားတွေ ကတော့ Wiki: Islamic conquest of Afghanistan entry ထဲက စာတစ်ကြောင်း ကို သရဝဏ်(ပြည်) က မိမိစိတ်တွေးထင်ရာ စကားလုံးတွေတမင်တကာ ထည့်သွင်းပြီးဘာသာပြန်ထားခြင်းပါဘဲ။ Wiki မှာရေးထားတဲ့ မူရင်းစာသားတွေ က အောက်မှာပါ။

"The Arabs were unable to succeed in converting the population of that area because of constant revolts from the mountain tribes."

အထက်ပါစာပိုဒ် မှာ "အစ္စလာမ် ကိုးကွယ်သူများ ဖြစ်စေရန် အတင်းအကျပ်" ဆိုတဲ့ စကားလုံးတွေ
လုံးဝ မပါရှိပါ။ သရဝဏ် (ပြည်) ရဲ့ တမင်တကာလိမ်လည်လုပ်ကြံရေးသားထားမှု ဖြစ်ကြောင်း
ပရိသတ်တို့လေ့လာကြပါ။

၁၂။ သရဝဏ် (ပြည်) -  အေဒီ ၈၇၀ တွင်မူ ယနေ့ခေတ် အာဖဂန်နစ္စတန်ဟုခေါ်တွင်နေသော  နေရာတော်တော်များများ ကို ရာကွတ်ဘင်လာသီဆာဖာ ဆိုသူက တိုက်ခိုက်အောင်မြင်ခဲ့ပြီး၊ အစ္စလာမ်ဝါဒကို စစ်ရေးဖြင့် တိုးချဲ့နိုင်ခဲ့သည်။
 
ရဲရင့်သစ္စာ - အဲဒီ စာပိုဒ်မှာပါတဲ့ Yaʿqūb ibn Layth al-Ṣaffār ဆိုသူဟာ Saffarid မင်းဆက်ကိုတည်ထောင်ခဲ့သူပါ။ အဲဒီလူ ဟာ အာရပ်လုံးဝ မဟုတ်ပါဘူး။ ပါရှန်းလူမျိုးသာဖြစ်ပါတယ်။
အဲဒီ လူ ဟာ ဓားပြ တစ်ဦးဖြစ်ပြီး ကိုယ်ပိုင်စစ် တပ် ထူထောင်နိုင်ခဲ့သူ ဖြစ်ကြောင်း၊ အေဒီ ၈၇၈ မှာ
သူဟာ ဘဂ္ဂဒတ် မြို့မှာ နန်းစိုက်တဲ့ မွတ်စ်လင်မ် Caliph ကို စစ်တိုက်ဖို့တောင် စစ်ချီခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း Encyclopaedia Britannica, Yaʿqūb ibn Layth al-Ṣaffār entry မှာ ဖော်ပြထားပါတယ်။ သရဝဏ် (ပြည်) က Wiki: Islamic conquest of Afghanistan entry
ထဲက idea ကို ယူပြီး မိမိဘာသာလုပ်ကြံထားတဲ့ စကားလုံးတွေထည့်သွင်းရေးထားတာဖြစ်ပါတယ်။
မူရင်း Wiki ထဲ က စာသားတွေ ကို ကြည့်နိုင်ပါတယ်။

"The fanatic founder of this dynasty, the coppersmith’s apprentice Yaqub ibn
Layth Saffari, came forth from his capital at Zaranj in 870 and marched through
Bost, Kandahar, Ghazni, Kabul, Bamyan, Balkh and Herat, conquering in the
name of Islam"

အဲဒီစာပိုဒ်မှာ ယာကွတ် ကို "The fanatic" လို့သုံးနှုန်းထားပြီး၊ သူ ဟာ အစ္စလာမ် အမည်ကို
အသုံးပြုပြီး ဘို့စ်၊ ကန်ဒဟရ်၊ ကဘူးလ်၊ ဗာမ်ယန်၊ ဗလ်ခ်၊ ဟီရတ် နယ်တွေကို သိမ်းပိုက်ခဲ့
တာဖြစ်ကြောင်း ရေးထားတာပါ။ အဲဒီ စာပိုဒ်မှာ "အစ္စလာမ်ဝါဒကို စစ်ရေးဖြင့် တိုးချဲ့နိုင်ခဲ့သည်"
ဆိုလိုတဲ့ အရေးအသားလုံးဝ မပါရှိပါ။

အာဖဂန် ကို အုပ်ချုပ်ခဲ့တဲ့ မွတ်စ်လင်မ် ဘုရင် အချို့ဟာ အခြားဘာသာဝင်တွေ ကို နှိပ်ကွပ်
တာတွေ ၊ အာဏာစက် နဲ့ ဘာသာပြောင်းအောင် လုပ်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် အစ္စလာမ်
ဘာသာ က အဲဒီလို လုပ်ဖို့ သင်ကြားထားလို့ လုပ်တာမျိုး လုံးဝမဟုတ်ပါ။


၁၃။ သရဝဏ် (ပြည်) - အေဒီ ၉၉၈ နှင့် ၁၀၃၀ ကြားတွင် အုပ်ချုပ်ခဲ့သော တူရကီမင်းဆက်
စူလတန် မိုဟာမက်သည် အိန္ဒိယနိုင်ငံကို ၁၇ ကြိမ်ခန့် ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး အိန္ဒိယနှင့် အာဖဂန်နစ္စတန် တွင် လူအစုလိုက်အပြုံလိုက် အစ္စလာမ်ဘာသာသို့ အတင်းအဓမ္မ ပြောင်းလဲ
ဝင်ရောက်စေခဲ့သည်။
ရဲရင့်သစ္စာ - အေဒီ ၉၉၈ နှင့် ၁၀၃၀ ကြားတွင် အုပ်ချုပ်ခဲ့သော တူရကီမင်း ဟာ စူလ်တန်
မဟ်မူဒ်ဂဇ်နီပါ။ စူလ်တန် မိုဟာမက် မဟုတ်ပါ။ စူလ်တန်မဟ်မူဒ်ဂဇ်နီ (အေဒီ ၉၇၁-၁၀၃၀)
ဟာ မူလက အာဖဂန်အိန္ဒိယ နယ်စပ်မှာရှိတဲ့ ရှိအိုက် တွေကို စစ်ပြုခဲ့ရုံမက၊အိန္ဒိယမှာရှိတဲ့
ဟိန္ဒူ ဘုရင်တွေကို လည်း ကျူးကျော်တိုက်ခိုက်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့မူလ စစ်ဆင်ရေးဟာ အိစ်မာအိလီရှိအိုက် တွေကိုဦး တည်ခဲ့ပြီး နောက်ပိုင်းမှာတော့ အိန္ဒိယက ဟိန္ဒူရှာဟီဘုရင်တွေ
နဲ့ နယ်ပယ်တွေကို တိုက်ခိုက်ခဲ့ပါ တယ်။ သူဟာ ဟိန္ဒူဘုရားကျောင်းတွေကိုလည်းတိုက်ခိုက်
လုယက်ဖျက်စီးခဲ့ပါသေးတယ်။ ဗုဒ္ဓဘာသာ ကျောင်းတိုက်တစ်ချို့ကို ဖျက်စီးခဲ့တာလည်းဟုတ်ပါတယ်။ သို့သော်စူလ်တန်မဟ်မူဒ် တိုက်ခိုက်ခဲ့တဲ့ ဥဒ္ဒိယန (ဩရစ္စ) ဟာ တန္တရဝါဒဖြန့်ချီရာ ဗဟိုဌာန
 ဖြစ်ခဲ့ပေမဲ့ စည်ပင်ထွန်းကားတဲ့ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ မရှိခဲ့ကြောင်း Harvard
University က ဒေါက်တာဘွဲ့ရထားတဲ့မဟာယနဗုဒ္ဓဘာသာပညာရှင် ဒေါက်တာ အလက်ဇန္ဒား
ဘာဇင်န် က သူ့ရဲ့ The Historical Interaction between the Buddhist and Islamic Cultures
before the Mongol Empire, (၂၀၀၆)၊ The Ghaznavid Campaign in Gandhara and Northwestern India ခေါင်းစဉ်အောက်မှာ ရေးသားထားပါတယ်။ အဲဒီဘုရင်ဟာ ရှိအိုက် နဲ့
ဘူယစ်ဒ်တွေ (Buyid) အပေါ် အဓိကထား တိုက်ခိုက်ခဲ့ပြီး၊ အစပိုင်းမှာဟိန္ဒူတွေကိုလည်းတိုက်ခိုက်
ခဲ့ပေမဲ့၊ ဗုဒ္ဓဘာသာအပေါ်မှာ ရည်ရွယ်ချက်နဲ့ ကျူးလွန်ခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင်သူ့ ခေတ်မှာ လူအချို့ကဂေါတမဗုဒ္ဓကို တမန်တော် တစ်ပါးအဖြစ် မှတ်ယူခဲ့ကြကြောင်း၊ ပါရှန်း သမိုင်းပညာ
ရှင်ကြီး အလ်ဗိရူနီ ကဗုဒ္ဓဘာသာဘက်ကို အကောင်းမြင်ရေးသားမှတ်တမ်းတင်ခဲ့ကြောင်း ဗုဒ္ဓဘာသာပညာရှင် ဒေါက်တာအလက်ဇန္ဒားဘာဇင်န် ရဲ့ အထက်ဖော်ပြပါ မှတ်တမ်း မှာရေး
သားထားပါသေးတယ်။  ဒါဟာ သမိုင်းအမှန်ပါ။ ရိုးသားဖြူစင်တဲ့ လူသားမှန်ရင် သမိုင်း အမှန်ကို
လက်ခံရဲ ရုံမက၊ ကျန်လူသားတွေရှေ့လည်း မှန်မှန်ကန်ကန် ချပြတတ် ရပါတယ်။

အဲဒီအချိန်က အာဖဂန်ဘုရင်စူလ်တန်မဟ်မူဒ် ရဲ့မင်းဆက်တွေဟာ ဗုဒ္ဓဘာသာ အပေါ်
ဖိနှိပ်မှု တွေမရှိခဲ့ကြောင်း၊ Nava Vihara (နောင်ဝ်ဗဟာရ်) မှာရှိတဲ့ ဗုဒ္ဓဘာ သာနံရံ ဆေးရေး
ပန်းချီ အနုပညာ လက်ရာတွေ နဲ့ အာဖဂန်အလယ်ပိုင်းမှာရှိတဲ့ ဗာမီယန်ဗုဒ္ဓ ရုပ်ပွါးတော်ကြီးတွေ
ကို လုံးဝထိခိုက်မှုမရှိခဲ့ ကြောင်း၊ Sogdia တောင်ပိုင်းမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း
 တွေဟာလည်း လှုပ်ရှား အသက်ဝင်စည်ပင်ထွန်းကားလျှက်ရှိခဲ့ကြောင်း၊ ဗုဒ္ဓဘာသာဘုန်းတော် ကြီးကျောင်းတွေနဲ့မွတ်စ်လင်မ်ဗလီဝတ်ကျောင်းတွေဟာ ဘေးချင်းယှဉ်လျှက် ငြိမ်းချမ်းစွာ
တည်ရှိခဲ့ကြောင်းအထက်ပါ ဗုဒ္ဓဘာသာ ပညာရှင် ဒေါက်တာအလက်ဇန္ဒားဘာဇင်န် ကရေးသား
ထားပါတယ်။

 သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့်  ရဲရင့်သစ္စာ ၏ သစ္စာ (၂) ဖတ်ရန်။

ဆက်ရန်-သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့်  ရဲရင့်သစ္စာ ၏ သစ္စာ (၄)