Saturday, December 1, 2012

သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ ၏ သစ္စာ (၂)

သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ ၏ သစ္စာ (၂)

၇။ သရဝဏ် (ပြည်) -  ဘော်လ်ကာဒေသသည် ဇောရိုးဝါဒ Zoroaster (အီရန်နိုင်ငံ
တွင် စတင်ခဲ့သော ဘုရားသခင်ဘက်တော်သားများသည် မိစ္ဆာ၀ါဒီများကို အဆက်
မပြတ် တိုက်ခိုက်သုတ်သင်ရေးဝါဒ)၏ မူလ ဘူတ စတင်မွေးဖွားရာ နေရာဖြစ်နေသည်။

ရဲရင့်သစ္စာ - သရဝဏ် (ပြည်) က  Dr. Sripali Vaiamon ရဲ့ Buddhist History of
Afghanistan and South India ဆောင်းပါးကို ဘုရားဟောတမျှ လုံးဝ ဥဿုံမျက်စိ
မှိတ် ယုံကြည်ထား ပုံရပါတယ်။ အဲဒီ ဆောင်းပါးမှာ Balka လို့ရေးထားတိုင်း သရဝဏ် 
(ပြည်) က  ဘော်လ်ကာဒေသ လို့ လိုက်ရေးထားပါတယ်။ အာဖဂန်နစ္စတန် က
အဲဒီဒေသကို Balka လို့ မခေါ်ပါဘူး။ Balkh (ဗလ်ခ်) လို့ခေါ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ
 ပေါ်ထွန်းခဲ့ တဲ့ အလွန်ကြီးကျယ်တဲ့ သိပ္ပံ ဝိဇ္ဇာ စွယ်စုံပညာရှင်ကြီးတွေ (polymaths)
ထဲက အထင်ကရ တစ်ပါးဖြစ်တဲ့  ကုရ်အာန်ကျမ်း အာဂုံဆောင်အစ္စလာမ်ဘာသာဝင်
ပညာရှင်ကြီး အိဗ်နုစီနာ (လက်တင်အမည်-Avicenna) ရဲ့ဖခင် ဟာ Balkh မြို့သားပါ။
Balkh မြို့ကို ဂရိလို Bactra လို့လည်းခေါ်ပါတယ်။ (ကိုးကား-Avicenna His Life
and Work, Soheil M. Afnan Ph.D, George Allen and Unwin Ltd. London, 1958) ဇိုရိုအက်စတာဝါဒဟာ "ဘုရားသခင်ဘက်တော်သားများသည် မိစ္ဆာ၀ါဒီများကို အဆက်
မပြတ် တိုက်ခိုက် သုတ်သင်ရေးဝါဒ" ဖြစ်ကြောင်း သရဝဏ် (ပြည်) ဘယ်က လေ့လာ
သိရှိထားပါသလဲ  မေးချင်ပါတယ်။ "Zoroaster" ဆိုတာ "Zarathustra" ဆိုတဲ့ အမည်
ကို ဥရောပ က အသစ်တီထွင်ခေါ်ဝေါ်ထားတဲ့ အမည်ပါဘဲ။ "Zoroaster" ဘာသာ
ကိုယ်တိုင်ကလည်း သူတို့ဘာသာကို "ဘုရားသခင်ဘက်တော်သားများသည်
မိစ္ဆာ၀ါဒီများကို အဆက်မပြတ် တိုက်ခိုက်သုတ်သင်ရေးဝါဒ" လို့အဓိပ္ပာယ် ဖွင့်ဆို
သတ်မှတ်ထားတာမရှိပါ။ (ကိုးကား- The Oxford Dictionary of the World Religions,
Oxford University Press, 1997)


၈။ သရဝဏ် (ပြည်) -  တမန်တော်မိုဟာမက် ကွယ်လွန်ပြီး နှစ် ၃၀ ကြာသောအခါ
(အေဒီ ၆၀၀) အာရပ်မူဆလင်များသည် ပါရှားကိုအောင်နိုင်ပြီးနောက် ဘက်တားရီး
ယားဒေသကို ဆက်လက်တိုက်ခိုက်ပြီးဗုဒ္ဓဘာသာထွန်းကားရာ ဘော်လ်ကာဒေသ
(Balka) သို့ပါ ရောက်ရှိလာခဲ့သည်။

ရဲရင့်သစ္စာ - အာရပ် တွေ ပါရှားကို အောင်နိုင်ခဲ့တာ အေဒီ ၆၀၀ မဟုတ်ပါဘူး။
တမန်တော်မုဟမ္မဒ် ကွယ်လွန်ခဲ့တာ အေဒီ (၆၃၂) ဖြစ်ပါတယ်။ အာရပ်တွေ ပါရှား အင်ပါယာကို အောင်နိုင်ခဲ့တဲ့ ခုနှစ်ဟာ  အေဒီ ၆၅၁ ဖြစ်ပါတယ်။ (ကိုးကား-
The Oxford History of Islam, Oxford University Press, 1999)။
သရဝဏ် (ပြည်) အနေနဲ့စိတ်တွေးထင်ရာတွေ မရေးသင့်ပါ။


 ၉။ သရဝဏ် (ပြည်) - ၎င်းတို့ အုပ်စိုးပြီးနောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်များကို
လူခွန် စတင်ကောက်ခံခဲ့သည်။ ဘုရားကျောင်းကန် စေတီ ပုထိုးများသို့ သွားရောက်
ဖူးမျှော်ပူဇော်ကန်တော့သူများကိုလည်း ဘုရားဖူးခွန်များ ကောက်ခံခဲ့သည်။
ကဘူးရှိ ဘုန်းတော် ကြီးကျောင်းများကိုဝင်ရောက်လုယက် ဖျက်ဆီးကြပြီး ဗုဒ္ဓရုပ်
ပွားတော်များကို အောင်ပွဲအထိမ်းအမှတ်အဖြစ်ယူငင်သိမ်းပိုက်ကြသည်။ နာကျဉ်းဖွယ် အနိုင်ကျင့်ခံရမှုသည် ဤမှာပင်စသည်။ ကဘူးတွင် ဗုဒ္ဓဘာသာသည် တဖြည်းဖြည်း
အားနည်းလာပြီး နောက်ဆုံးတွင် အာဖဂန်နစ္စတန်မှလုံးဝပျောက်ကွယ်သွားရတော့သည်။


ရဲရင့်သစ္စာ - အာရပ်တွေ (အုမ်မေယာဒ် မင်းဆက်) ဟာ Bactra (Balkh) ဒေသကို အုပ်စိုးပြီး နောက်ပိုင်းမှာဗုဒ္ဓဘာသာဝင် တွေကို သာမက၊ အစ္စလာမ် မဟုတ်တဲ့ အခြား
ဘာသာဝင် အားလုံးကို ဂျိဇ်ယာ (Jizya) လို့ခေါ်တဲ့ တာဝန်ခံအခွန် (သို့) ကာကွယ်ရေး
အခွန် ကောက်ခံ ခဲ့ပါတယ်။ အဲဒီ Jizya ဟာ ဘာသာခြားတိုင်းအပေါ် ကောက်ခံတဲ့
အခွန်မဟုတ်ပါဘူး။ ဘာသာခြားတွေထဲမှာမှ သန်သန်မာမာ စစ်မှုထမ်းနိုင်တဲ့ အရွယ်ရောက်ပြီး
သား ယောက်ျား တွေအပေါ်မှာသာကောက်ခံတာပါ။ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ် တွေ မစွမ်းသူတွေ နဲ့ ဘုန်းကြီး ရဟန်းတွေ အပေါ်လုံးဝကောက်ခံခြင်းမရှိပါ။ မွတ်စ်လင်မ်တွေဟာ ဇကားသ် လို့ ခေါတဲ့ အလှု ကို မဖြစ်မနေပေးရသလို၊ ဘာသာခြားတွေ ကတော့(Jizya) ကို မဖြစ်မနေပေးရပါတယ်။ အကယ်၍ ဘာသာခြား ဟာ စစ်မှုထမ်းမယ်ဆို
ရင် အဲဒီ Jizya ကို ပေးစရာမလိုပါ။ ဆင်းရဲလွန်းလို့ Jizya မပေးနိုင်တဲ့ ဘာသာခြား ကို
Jizya ကင်း လွတ်ခွင့် ပေးပါတယ်။ (ကိုးကား- The Oxford Dictionary of the World
Religions,Oxford University Press, 1997) အာရပ်တွေ Bactria ကို အုပ်စိုးစဉ်မှာ
ဗုဒ္ဓဘာသာဝင် အချို့နဲ့ ဗုဒ္ဓဘာသာကျောင်းထိုင်ရဟန်း တစ်ပါး ဟာ အစ္စလာမ် ဘာသာ
ကို ကူးပြောင်းသက် ဝင် ယုံကြည်ခဲ့ကြကြောင်း၊ Nava Vihara ကျောင်းတိုက်ကြီး ဟာ မွတ်စ်လင်မ်အုပ်ချုပ်မှုအောက်မှာ စည်ပင်စွာ လည်ပတ် လျှက်ရှိကြောင်း ဟန်တရုတ်
လူမျိုး ဘုရားဖူး Yijing (I-ching) ကိုယ်တိုင် အေဒီ ၆၈၀ မှာ Nava Vihara ကို  ရောက်
ရှိခဲ့ပြီး အဲဒီကျောင်းတိုက် ဟာ Sarvastivada (ပါဠှိ-သဗ္ဗတ္ထိဝါဒ) သင်ကြားရာ ဗဟိုဌာနေ
အဖြစ်စည်ပင်လျှက်ရှိကြောင်း မှတ်တမ်းတင်ခဲ့ပါတယ်လို့ မဟာယန ဗုဒ္ဓဘာသာ
ပညာရှင်သုတေသီ ဒေါက်တာ Alexander Berzin က Historical Sketch of Buddhism
and Islam in Afghanistan
http://www.berzinarchives.com/web/en/archives/study/history_buddhism/buddhism_central_asia/history_afghanistan_buddhism.html
မှာအတိအလင်း ရေးသားထားပါတယ်။ ဘုရားဖူးတွေ ကို အခွန်ကောက်ခံတာ ကတော့
မဆန်းပါဘူး။ ဒီနေ့ခေတ်မှာလည်း ဆော်ဒီအာရေဗျ ကို ဟဂ်ျခရီးသွားတဲ့ မွတ်စ်လင်မ်
 တွေ၊ဂယာ အပါအဝင် သံဝေဇနိယလေးဌာန ကို ဘုရားဖူးသွားတဲ့ သူတွေကိုလည်း သက်ဆိုင်ရာ နိုင်ငံတွေ က ခေါင်းစဉ်တစ်မျိုးမျိုးနဲ့ ငွေကြေးကောက်ခံတာ ရှိပါတယ်။
အာရပ်တွေ က ဘုန်းကြီးကျောင်းတွေကို ဝင်ရောက်လုယက်ဖျက်စီးတယ်ဆိုတာတွေ၊  ဗုဒ္ဓရုပ်ပွားတော်များကို အောင်ပွဲအထိမ်းအမှတ်အဖြစ် ယူငင်သိမ်းပိုက်ကြတယ်ဆို
တာတွေ၊ အနိုင်ကျင့်တယ် ဆိုတာတွေ ဟာ စာပေမတတ်သမိုင်းမသိရှာသူတွေ (သို့)
စာပေတတ် သမိုင်းသိသော်လည်း၊ လိမ်တတ် ညာတတ် ကောက်ကျစ်တတ်တဲ့ သူတွေ ရဲ့ အောက်တန်းကျစွာ မဟုတ်မမှန် ဖြန့် ချီတဲ့ ဝါဒဆိုးရဲ့ အစိတ်အပိုင်းတွေသာဖြစ်ပါတယ်။

 သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့်  ရဲရင့်သစ္စာ ၏ သစ္စာ (၁) ဖတ်ရန်။

ဆက်ရန်-သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့်  ရဲရင့်သစ္စာ ၏ သစ္စာ (၃)

Friday, November 30, 2012

သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ ၏ သစ္စာ (၁)

သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့်  ရဲရင့်သစ္စာ ၏ သစ္စာ (၁)

၂၀.၁၁.၂၀၁၂ issue News Watch (စောင့်ကြည့်သတင်းဂျာနယ်) မှာ ဆောင်းပါးရှင်
သရဝဏ် (ပြည်) - အမည်ရင်း ဦးညီညီ ဆို တဲ့ ပုဂ္ဂိုလ် က "အာဖဂန်နစ္စတန်တွင်
ဗုဒ္ဓဘာသာပျောက်ကွယ်သွားခြင်းအကြောင်း" ခေါင်းစဉ် နဲ့ဆောင်းပါး တစ်ပုဒ် ရေး
သားခဲ့ပါတယ်။ အဲဒီ ဆောင်းပါးမှာ သမိုင်းဆိုင်ရာ အချက်အလက်  အတော်များများ
လွဲမှားနေရုံမက၊ ကမ္ဘာ့ဘာသာကြီး တစ်ရပ်လည်းဖြစ် ၊ မြန်မာနိုင်ငံ မှာ ရှိနေတဲ့
ဘာသာကြီးတွေထဲ တစ်ရပ်လည်းဖြစ်တဲ့ "အစ္စလာမ်" ဘာသာ [ပြည်ထောင်စု သမ္မတ
မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) အခန်း (၈) နိုင်ငံသား၊ နိုင်ငံ
သားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ။ စာမျက်နှာ ၁၅၁] နဲ့ ပတ်သက်ပြီး စာဖတ်
သူများ အထင်အမြင်လွဲမှားစေဖို့ တမင်တကာ ရည်ရွယ်ချက် ရှိရှိ ထိပါး ရေးသားခဲ့တာ
ဖြစ်ကြောင်းလေ့လာတွေ့ရှိခဲ့ရပါတယ်။ ဆောင်းပါးရှင် သရဝဏ် (ပြည်) ဟာ သူ့ရဲ့
ဆောင်းပါးရေးသားရာမှာ အဓိက ကိုးကားခဲ့တဲ့ အရင်းအမြစ် ဟာ Dr. Sripali Vaiamon
ဆိုသူရေးသားတဲ့ ဆောင်းပါး "Buddhist History of Afghanistan and South India"
ဖြစ်ပါတယ်။ သရဝဏ် (ပြည်) ဟာ အဲဒီဆောင်းပါးကို ကိုးကား ရုံတင်မကပါ။ အချို့
စာပိုဒ်တွေ ကို အပိုဒ်လိုက် ဘာသာပြန်ပြီး သူ့ရဲ့ ဆောင်းပါးမှာ ထည့်ရေးထားတာဖြစ်ပါတယ်။



သမိုင်းအပေါ်မှာ သစ္စာ တည် တဲ့ ကျွန်တော် ရဲရင့်သစ္စာ က သရဝဏ် (ပြည်) ဆိုသူရဲ့
အထက်ဖော်ပြပါ ဆောင်းပါးပါအလွဲအမှားတွေ ၊ ထိပါးမှုတွေ ကို ထောက်ပြ ပေးသွားပါ့မယ်။
ကျွန်တော် ထောက်ပြတဲ့ အချက်တွေကို သရဝဏ် (ပြည်) နဲ့ တကွ  News Watch
(စောင့်ကြည့်သတင်းဂျာနယ်) က ဘယ်ပညာရှင်မဆို  ပြန်လည် ဆွေးနွေးနိုင်ကြောင်း နဲ့
အကယ်၍များ ကျွန်တော့်ထောက်ပြချက်တွေ ကို ရက်ပေါင်း (၃၀) အတွင်း ပြန်လည်
ကန့်ကွက် မဆွေးနွေးနိုင်ရင် သရဝဏ် (ပြည်) အနေနဲ့ရော၊ News Watch (စောင့်ကြည့်
သတင်းဂျာနယ်) အနေနဲ့ရော လွဲမှားတဲ့ အချက်တွေ အတွက် ဂျာနယ် က တစ်ဆင့်
တရားဝင် တောင်းပန်စေလိုပါတယ်။ အဲဒီလို မှ မပြုမူ ဆိုရင်တော့ တရားဥပဒေ အရ
တရားစွဲဆို သွားမှာဖြစ်ကြောင်း လေးစားစွာ ကတိပေး ပြောကြားလိုပါတယ်။



အလွဲအမှားတွေကို ထောက်ပြခြင်းအမှု စတင်ပါပြီ။

၁။ သရဝဏ် (ပြည်) - အစ္စလာမ်ဝါဒ မထွန်းကားမီ အာဖဂန်နစ္စတန်တွင် အဓိကကိုးကွယ်
သော ဘာသာမှာ ဗုဒ္ဓဘာသာ ဖြစ်ပါသည်။

ရဲရင့်သစ္စာ- အစ္စလာမ်ဝါဒ မထွန်းကားမီ အာဖဂန်နစ္စတန်တွင် အဓိက ကိုးကွယ်တဲ့ ဘာသာ
က ဗုဒ္ဓဘာသာ တစ်ခုတည်းမဟုတ်ပါ။  ဗုဒ္ဓဘာသာ ဟာ အစ္စလာမ်ဘာသာ မထွန်းကားမီ
အာဖဂန်နစ္စတန် မှာ ရှိတဲ့ ဘာသာကြီးတွေထဲက တစ်ခု ဖြစ်ကြောင်း သရဝဏ် (ပြည်)
အကိုးအကားပြုထားတဲ့ Wikipedia မှာ ဖော်ပြထားပါတယ်။
http://en.wikipedia.org/wiki/Buddhism_in_Afghanistan မှာသွားရောက်လေ့လာနိုင်
ပါတယ်။ အစ္စလာမ်ဝါဒ မထွန်းကားမီ အာဖဂန်နစ္စတန်တွင် အဓိက ကိုးကွယ်တဲ့ ဘာသာ က
ဗုဒ္ဓဘာသာ တစ်ခုတည်းဖြစ်ပါတယ် လို့ သရဝဏ် (ပြည်) က တိုက်ရိုက်ရေးမထားပါဘူး။
သို့တစေလည်း စာဖတ်သူ တွေအနေနဲ့ ထင်ယောင်ထင်မှားဖြစ်သွားအောင်ရေးထားခြင်း
ဖြစ်ပါတယ်။ အများကို ဗဟုသုတ ရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ public media တစ်ခုမှာ
သမိုင်းဆောင်းပါး ရေးသူ ဟာ အဲဒီလို ထင်ယောင်ထင်မှားဖြစ်စေမည့် အရေးအသားမျိုးကို
မရေးသင့်ပါဘူး။

တကယ်လို့ သရဝဏ် (ပြည်) ဟာ စာရေးသီကုံးရာမှာ အတွေ့အကြုံနည်းပါးလို့ မှားတာ
ဆိုရင် ပြန်လည်တောင်းပန်ခြင်း အမှုကို ပြုသင့်ပါတယ်။ ပြန်လည်တောင်းပန်ခြင်း အမှု
မပြုရင်တော့ unethical writing "ကျင့်ဝတ်နှင့်မညီသော ရေးသားမှု" လို့ ကျွန်တော် အမည်
တပ်ရပါလိမ့်မယ်။

၂။ သရဝဏ် (ပြည်) - ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးခရိုင် ဂန်ဒါရာ
တွင် ထည်ထားခဲ့ကြသည်။ ယခုအခါ ထိုဒေသကို ကန်ဒါဟာ ခေါ်ကြသည်။

ရဲရင့်သစ္စာ- ရှေးခေတ် အာဖဂန်နစ္စတန် ကဘူးခရိုင် က ဂန်ဒါရာ (Gandhara) သည် ယနေ့
ခေတ် ကန်ဒါဟာ လို့ခေါ်တဲ့ ဒေသ ဖြစ်ကြောင်းရေးထားခြင်း ဟာ အလွဲကြီးလွဲမှားနေပြန်ပါတယ်။
Gandhara ဟာ အာဖဂန်နစ္စတန် အရှေ့ဖက် မှာ တည်ရှိခဲ့ကြောင်း
http://en.wikipedia.org/wiki/Gandhara မှာ လေ့လာကြည့်နိုင် ပါတယ်။ ယနေ့ခေတ်
ကန်ဒါဟာ (Kandahar) ဟာ အာဖဂန်နစ္စတန် တောင်ပိုင်းမှာ ရှိကြောင်း
http://en.wikipedia.org/wiki/Kandahar မှာလေ့လာကြည့်ပါ။ ကဘူး (Kabul) ဟာ
အာဖဂန်နစ္စတန် အရှေ့ပိုင်းမှာရှိကြောင်းကိုလည်း http://en.wikipedia.org/wiki/Kabul
မှာ လေ့လာကြည့်ပါ။ သရဝဏ် (ပြည်) အနေနဲ့ ဖြစ်နိုင်ရင် ကမ္ဘာ့မြေပုံ တစ်ခုကိုဆောင်ထားပြီး၊
စာရေးသားခြင်းမပြုမီ အရင်လေ့လာသင့်တယ်လို့ အကြံပေးလိုပါတယ်။ နိုင်ငံတကာဆက်ဆံရေး
ပညာ ဝိဇ္ဇာ ဘွဲ့ရ တစ်ယောက်ဖြစ်တဲ့ သရဝဏ် (ပြည်) က ကမ္ဘာ့ မြို့တွေအကြောင်း အလွဲတွေ
ရေးနေရင် နိုင်ငံ့ဂုဏ်ဆောင် သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကြီး အပါအဝင် တက္ကသိုလ်ကြီးတွေ
က နိုင်ငံတကာဆက်ဆံရေး ပညာရှင်တွေပါ ထိခိုက်နိုင်ရုံ မက နိုင်ငံတော်ကြီး တစ်ခုလုံးရဲ့ ဂုဏ်
သိက္ခာပါ ထိခိုက်ဖွယ်ရာ ရှိလာနိုင်လို့ဒီလို အကြံပေးရခြင်းဖြစ်ပါတယ်။

၃။ သရဝဏ် (ပြည်) -မကြာသေးမီ အချိန်ပိုင်းက ရှာဖွေတွေ့ရှိချက်များအရ အာဖဂန်နစ္စတန်
နိုင်ငံ လော်ဂျာပြည်နယ် (ကဘူးမြို့တောင်ဘက်)တွင် ဗုဒ္ဓ၏ ဓါတ်တော်မွေတော် ၄၂ ဆူကို
တူးဖော်တွေ့ရှိခဲ့ပါသည်။

ရဲရင့်သစ္စာ- အာဖနစ္စတန် မှာ လော်ဂျာ ဆိုတဲ့ပြည်နယ် မရှိပါဘူး။ လိုဂရ် ပြည်နယ်
(Logar Province) ဘဲရှိပါတယ်။ ဗုဒ္ဓ ၏ ဓါတ်တော်မွေတော် ၄၂ ဆူကိုတူးဖော် တွေ့ရှိခဲ့တဲ့
နေရာ ဟာ လိုဂရ် ပြည်နယ်ဖြစ်ပါတယ်။ အဲဒီ လိုဂရ် အသံထွက် ကို သရဝဏ် (ပြည်) က
ကျကျနန မလေ့လာဘဲ ရေးသားမိတဲ့ အတွက် ဒီလိုလွဲမှားရခြင်းဖြစ်မှာပါ။ ဂျာနယ် တစ်ခု
ရဲ့ ဆောင်းပါးရှင် တစ်ဦး အနေနဲ့ နိုင်ငံခြားဘာသာစကား ဝေါဟာရတွေ ကို ခေါ်ဝေါ်ရေး
သားရာမှာ အသံထွက် မှန် ဖို့အလွန် အရေးကြီးပါတယ်။ ထင်ရာမြင်ရာ အသံထွက်တွေ
လျှောက်ရေးရင် စာဖတ်သူတွေ ကို အသိအမှား ပေးနေသလိုဖြစ်ပါတယ်။ အဲဒါကြောင့်
လေ့လာပါ သရဝဏ် (ပြည်)

၎။ သရဝဏ် (ပြည်) - မြတ်ဗုဒ္ဓ၏ ပထမဆုံး ဥပသကာနှစ်ပါးဖြစ်သော တဖုဿနှင့် ဘလိက
ကုန်သည် ညီနောင်နှစ်ပါးသည် သူတို့၏ ဇာတိမြို့ဖြစ်သော ဘာသ်မြို့တွင် ဘုန်းတော်ကြီး
ကျောင်းတစ်ကျောင်းကို ဆောက်လုပ်လှူဒါန်းခဲ့ရာ-------

ရဲရင့်သစ္စာ- Tapassu နဲ့ Bhallika တဖုဿနှင့် ဘလိက တို့ရဲ့ ဇာတိမြို့ ဟာ Balkh
ဖြစ်ပါတယ်။ "ဗလ်ခ်" လို့အသံထွက် ရပါတယ်။ ဘာသ် မဟုတ်ပါဘူး။

၅။ သရဝဏ် (ပြည်) - ထိုကိစ္စနှင့် ပတ်သက်၍ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဂျပန်တို့မှ ကိုယ်စား
လှယ် အဖွဲ့များလွှတ်ကာ ထိုသို့မလုပ်ဖို့ စေ့စပ်ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ရဲရင့်သစ္စာ- တာလီဘန် တွေ ဗာမီယန် ရုပ်ပွါးတော်ကြီး နှစ်ဆူ ကို ဒိုင်းနမိုက် နဲ့ ဖြိုခွဲမယ်
လုပ်တုန်း က အစ္စလာမ် နိုင်ငံ တွေ ဖြစ်ကြတဲ့ ဆော်ဒီအာရေးဗျ ၊ ပါကစ္စတန် နဲ့ UAE
နိုင်ငံ တို့ ဟာ အစ္စလာမ် နိုင်ငံ ၅၇ နိုင်ငံစုပေါင်းဖွဲ့စည်းထားတဲ့ OIC (ယခင် Organization
of Islamic Conference၊ ယခု  Organization of Islamic Cooperation) နဲ့အတူ တရား
ဝင် ကမ္ဘာသိ ကန့်ကွက်ခဲ့ကြပြီး၊ ရုပ်ပွါးတော်ကြီးတွေ ကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲအပြီးမှာတော့
ဆော်ဒီအာရေဗျ နဲ့ UAE နိုင်ငံ တို့ က တာလီဘန်တွေ ရဲ့ လုပ်ရပ်ဟာ ရက်စက်ကြမ်းကြုတ်
တဲ့ လုပ်ရပ်ဖြစ်ကြောင်း တရားဝင် ကမ္ဘာသိ ဆိုခဲ့ကြပါတယ်။ အဲဒီ အကြောင်းတွေ ကို
သရဝဏ် (ပြည်) က ဆောင်းပါးမှာ ထည့်မရေးတဲ့ အတွက် မရိုးသားရာရောက်နေကြောင်း
(သို့) သမိုင်းဆောင်းပါးတစ်စောင်ရေးနိုင်ရန် အရည်အချင်းမှီသူမဟုတ်ကြောင်း။

၆။ သရဝဏ် (ပြည်) - ထိုဒေသတွင်တော့ အုပ်ချုပ်သူ ပြည်နယ်ဘုရင်ခံများသည် ဂျာလာ
လာဘတ် အနီးရွာများတွင် ဟိန္ဒူ၊ မူဆလင်၊ အာဖဂန် မိန်းမများစွာကိုယူကာ အစ္စလာမ်
ဘာသာ တိုးတက်အောင် လုပ်ခဲ့ကြသည်ဟု အေဒီ ၉၈၂ ရေးသားသော ဟူဒတ်အယ်အလမ်
(Hudud-al-Alam)ဆိုသော စာအုပ်တွင် ဖော်ပြခဲ့သည်။

ရဲရင့်သစ္စာ- အထက်ပါ စာပိုဒ် ကို သရဝဏ် (ပြည်) က ဘယ်ကျမ်း စာအုပ်ထဲ က ကူးရေး
ထားလဲ မသိပါ။ သရဝဏ် (ပြည်) အနေနဲ့ "ဟုဒူဒုလ်အာလမ်" စာအုပ်ကိုမြင်ဖူးခဲ့ခြင်း ရှိမှာ
တောင် မဟုတ်ကြောင်းကျွန်တော် အသေအချာဆိုဝံ့ပါတယ်။သရဝဏ် (ပြည်) က ကျမ်းကိုး
အဖြစ် ဖော်ပြထားတဲ့ Wikipedia : Islamic conquest of Afghanistan
http://en.wikipedia.org/wiki/Islamic_conquest_of_Afghanistan ကို လေ့လာကြည့်
လိုက်တော့ Willem Vogelsang ရဲ့ "The Afghans" စာအုပ် ကို ကိုးကားပြီးဒီလိုရေးထားတာ
တွေ့ရပါတယ်။

" In a book called Hudud-al-Alam, written in 982, it mentions a village near
Jalalabad, Afghanistan, where the local king used to have many Hindu,
Muslim and Afghan wives" ဘာသာပြန်ပြရရင်-

[၉၈၂ နှစ် မှာ ရေးသားခဲ့တဲ့ "ဟုဒူဒုလ်အာလမ်" (ကမ္ဘာ့နယ်စည်းများ) စာအုပ်မှာ ဖော်ပြထား
တာ က အာဖဂန်နစ္စတန် ဂျလာလ်အာဘားဒ် အနီး ရွာတစ်ရွာမှာ  ဒေသခံဘုရင်ဟာ ဟိန္ဒူ ၊
မွတ်စ်လင်မ် နဲ့ အာဖဂန် မိန်းမ အမြောက်အများ ယူကြောင်း]

ဒေသခံဘုရင်လို့ ဆိုထားတော့ အဲဒီဘုရင်တွေ ဟာ ဟိန္ဒူ (သို့) ဗုဒ္ဓဘာသာဝင် တွေ ဖြစ်
နိုင်တာ ရာနှုန်း အတော် များနေပါတယ်။ မိန်းမတွေ အများကြီး ယူပြီး အစ္စလာမ်ဘာသာ
ကိုတိုးတက်အောင် လုပ်ခဲ့တယ်ဆိုတာလဲ မပါပါဘူး။ မူရင်း အကိုးအကားမှာမပါပဲ၊ သရဝဏ် (ပြည်) ဟာ မိမိစိတ်တွေးထင်ရာ ကို ထည့်ရေးပြီး အစ္စလာမ်ဘာသာကို တိုက်ခိုက် ထားတဲ့
အတွက် သရဝဏ် (ပြည်) ကို "လူလိမ်" လို့ ကျွန်တော် သမုတ် လိုက်တဲ့အပြင် သရဝဏ် (ပြည်) နဲ့ တကွ News Watch (စောင့်ကြည့်သတင်းဂျာနယ်) တာဝန်ရှိသူတွေ မိမိ အမှား ကို တရားဝင်ဝန်ခံတောင်းပန်ခြင်း မပြုရင် ကျွန်တော် ကိုယ်တိုင် တရားလိုပြုပြီး ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော် တည်ဆဲ ဥပဒေ အရ တရားစွဲဆို ပါ့မယ်။ လေ့လာထားစေချင်တာ
က ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၉၅-က။

ဆက်ရန်-သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့်  ရဲရင့်သစ္စာ ၏ သစ္စာ (၂)